Sale&Service (Amarapura)
Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12
Together Mobile Apk Download link
website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ
MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi
Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း
Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ
Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job
နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း
"Huawei G610-U00 အတွက် CWM Recovery(English) နှင့် Stock Recovery သွင်းနည်း"
Huawei G610-U00 အတွက် cwm recovery တင်နည်းနဲ့ stock recovery ပြန်ပြောင်းနည်းလေးကို
တင်ပြသွားမှာဖြစ်ပါတယ်။
recovery.img ကို...apk ကနေ flash လို့ရကောင်းမှန်းသိလာတာကတော့...ကိုဖြိုးညီညီရဲ့ကျေးဇူးပါ။
credits to ကိုဖြိုးညီညီပါ။
cwm recovery(eng)နဲ့ stock recovery တွေကတော့..ကျွန်တော်ဖန်ထားတာပါ။
အခုpost မှာ..stock recovery ပြန်ပြောင်းတဲ့နည်းလေးကိုဖြည့်ထားရတဲ့အကြောင်းကတော့
G610-U00မှာ..cwm recovery (custom recovery)တင်ပြီးသွားတဲ့အခါမှာ...firmware ကို dload folderကိုကူးထည့်ပြီးတင်နည်းတဲ့လုံးဝတင်လို့မရတော့ပါဘူး။volume down+volume up+power
ကိုနှိပ်လိုက်တဲ့အခါမှာ.....cwm mode ထဲကိုပဲရောက်ရောက်သွားပြီးတင်လို့မရတော့ပါ။
အဲဒါကိုဖြေရှင်းဖို့အတွက်...stock recovery ကို...ပြန်ပြောင်းထားမှ..အဆင်ပြေမှာ..ဖြစ်ပါတယ်။
အောက်မှာ..ဆက်လက်ဖေါ်ပြမယ့်အရာများကို...ကျွန်တော်ကိုယ်တိုင် G610-U00 (B121 and B127)မှာ
အကြိမ်ကြိမ်cwm တင်လိုက်၊stock ပြန်တင်လိုက်..စမ်းပြီးဖြစ်ပါတယ်။ဘာပြဿနာမှတော့ မဖြစ်ပါ။ G610 ရဲ့အခြား build numberတွေမှာ...ရမရကိုတော့...ပျက်မှာမပူဘူးဆိုရင်...စမ်းကြည့်နိုင်ပါတယ်..။
ထုံးစံအတိုင်း..ဒီpost ကို...အကြိမ်ကြိမ်စမ်းကြည့်ပြီးမှတင်တာဖြစ်ပြီး...လုပ်ရင်းကိုင်ရင်းနာက်ဆက်တွဲဖြစ်
တတ်သောပြဿနာများကိုတော့....တာဝန်ယူမှာမဟုတ်ပါ။ အခန့်မသင့်ပါက..firmware တက်မလာ
ခြင်း၊firmware ပြန်တင်လို့မရတော့ခြင်းနှင့်မထင်မှတ်ထားသည်များဖြစ်နိုင်ပါသည်။
ပထမဆုံး G610-U00ကို CWM recovery တင်မယ်ဆိုရင် G610 CWM Recovery နဲ့ 
Mobileuncle tool.apk ကိုအရင်ဒေါင်းပါ။
G610-U00 CWM Recovery (dropbox)
G610-U00 CWM Recovery (mediafire)
Mobileuncle tool.apk (dropbox)
Mobileuncle tool.apk (mediafire)
ဒေါင်းပြီးသွားရင်...recovery.img ဆိုတဲ့ဖိုင်ကိုsd cradထဲကိုကူးထားပါ။
ပြီးရင်..mobileuncle tool.apk ကို သွင်းလိုက်ပါ။
Mobileuncle Tools ကို..သုံးပြီး...fig 01 ကနေ 04 အထိပြထားတဲ့အတိုင်း လုပ်လိုက်ပါ။
fig 01=>
fig 02=>
fig 03=>
fig 04=>
 နောက်ဆုံးအဆင့် fig -04 မှာပြထားတဲ့ ok ကိုနှိပ်ပြီးသွားရင်...reboot ကျသွားပြီး
cwm recoveryသို့ရောက်သွားမှာဖြစ်ပါတယ်။အဲဒါဆိုရင် cwm တင်လို့ပြီးပါပြီ။
cwm ကနေ stock recovery ကို ပြန်ပြောင်းချင်သူများအတွက်ကတော့...အောက်မှာ
ပေးထားတဲ့ stock recoveryကိုဒေါင်းပြီးအပေါ်က...အဆင့်တွေအတိုင်းပြန်သွင်းလိုက်ပါ။
Share:
Facebook သုံးသူများ ဆောင်ရန် ရှောင်ရန် နှင့် လုံခြုံစိတ်ချစွာ အသုံးပြုနည်း
ဒီစာအုပ်လေးကတော့ အခုမှစသုံးတဲ့လူတွေရော သုံးတာကြာတဲ့  လူတွေအတွက်ပါ
အသေချာချာ ရေးပြထားပါတယ် ။အကောင့်တစ်ခု  စတင်ပြုလုပ်သည်မှစပီး အကုန်
လုံခြုံစွာသုံးတတ်ရေး  အကောင့်အခိုးမခံရအောင် ဆောင်ရန် ရှောင်ရန် နည်းတွေနဲ့ 
ချက်တင်ပိုင်းဆိုင်ရာ သူငယ်ချင်းပိုင်းဆိုင်ရာ အစုံအလင်  ရေးပြထားတာမို့  လက်ရှိ
သုံးနေတဲ့သူများ အကောင့်ခဏခဏ ပျောက်သူများ ဖတ်သင်တဲ့စာအုပ်တစ်အုပ်ပါ
ကိုယ်နဲ့ အဆင်မပြေသူများ Block လုပ်နည်းနဲ့  ကိုယ့်စာမျက်နှာမှာ ညစ်ညမ်းပုံတွေ
မလိုအပ်တဲ့စာတွေ  လာရောက်နှောက်ယှက်  မရေးနိုင်အောင် ပိတ်ထားနည်းတွေ
အပြည့်အစုံရှင်းထားတာမို့  Facebook သုံးသူတွေအတွက်  ဖတ်သင့်တဲ့   စာအုပ်ပါ  
ဒီလင့်မှာ Downliad ယူ - www.mediafire.com/လုံခြုံစွာဖေ့ဘွတ်အသုံးပြုနည်း)
Share:
Google Chrome ရဲ့လျှို့ဝှက်ချက်၃၀
၂၀၀၈ခုနှစ်၊ စက်တင်ဘာလအတွင်းမှာ google ကနေ web browser တစ်ခုကို စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ‘chrome’ လို့ အမည်ရတဲ့ အဒီ browser ရဲ့ လျှို့ဝှက်ချက် ကလေးများကို ဖော်ပြလိုက်ရပါတယ်။
  1. ‘chrome’ ထဲမှာ ဖွင့်ထားတဲ့ စာမျက်နှာတစ်ခုကို desktop နဲ့ start menu ပေါ်ကို ခေါ်တင်ပြီး shortcut တစ်ခုနေနဲ့ဖန်တီးနိုင်ပါတယ်။ ကိုယ်အသုံးများတဲ့ web စာမျက်နှာတစ်ခု ( ဥပမာ အားဖြင့် Gmail ဆိုပါတော့) အရင်ဆုံးဖွင့်ပြီး အလွယ်တကူနဲ့ပဲ စာရွက်ပုံ options မှာရှိတဲ့ ‘creat application shortcuts’ button ကို ကလစ်နှိပ်လိုက်ရုံပါပဲ။
  2. Ctrl နဲ့ Shift key တွေကို ဖိထားပြီး အက္ခရာ ‘N’ ကို နှိပ်လိုက်မယ် ဆိုရင်တော့ (incognito) ဆိုတဲ့ window တစ်ခုကို ဖန်တီး ပေးမှာ ဖြစ်ပါတယ်။ ဒါဟာ Windows အသစ် တစ်ခုကို ဖန်တီးပေးတဲ့ သဘောပဲ ဖြစ်တဲ့အတွက် firefox ရဲ့ (Ctrl+N) command နဲ့ ဆင်တူပါတယ်။
  3. Alt နဲ့ home button ကို တွဲဖက်ပြီး နှိပ်ခဲ့မယ်ဆိုရင်တော့ google chrome ရဲ့ မူရင်း home page ကို ပြန်ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီ homepage မှာ user တစ်ယောက် အသုံးများတဲ့ စာမျက်နှာတွေကို ‘thumbnail’ စီစဉ် ပေးထားတာကို တွေ့ရပါတယ်။
  4. ‘Ctrl နဲ့ T ကို တွဲဖက်နှိပ်ရင်တော့ ‘new tab’ ကို ခေါ်ဆိုပေးမှာ ဖြစ်ပါတယ်။ တကယ် လို့ Tab တစ်ခုကို drag ဆွဲချမယ်ဆိုရင် window အသစ်တစ်ခုအနေနဲ့ ဖွင့်လှစ်ပေးပါလိမ့်မယ်။
  5. “icongnito window’ အသစ်တစ်ခုနေနဲ့ homepage ပေါ်မှာ tumbnail icon တွေကို Right Click နှိပ်ပြီး ဖွင့်လှစ်လို့လဲ ရနိုင်ပါတယ်။
  6. ‘Ctrl, Shift နဲ့ T’ တို့ကို တွဲဖက် နှိပ်လိုက်ရင်တော့ အရင်တစ်ခါ သုံးစွဲသွားပြီး ပိတ်သွားခဲ့ တဲ့ tab တွေကို ပြန်ခေါင်းဆောင်ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။ မီးပျက်လို့ပဲဖြစ်ဖြစ်၊ ရုတ်တရက် ’save’ မလုပ်လိုက်မိတဲ့ web စာမျက်နှာ ကောင်းကောင်းတွေကို ပြန်လည် မှတ်မိဖို့အတွက် သိပ်အသုံးဝင်ပါတယ်။ Google chrome ဟာ အနိမ့်ဆုံး tab (10) ခုအထိ မှတ်မိနေပါတယ်။
  7. Tab တွေ တစ်ခုနဲ့ တစ်ခုအကြားကို ခုန်ကျော် ဖြတ်သန်းဖို့အတွက်ကတော့ Ctrl key ကိုဖိနှိပ်ထားပြီး keyboard ရဲ့ အပေါ် ဘားတန်းမှာရှိတဲ့ 1, 2, 3, 4, ……number တွေနဲ့ ရောယှက် ဖိနှိပ်လို့ရပါတယ်။ ဥပမာ စာမျက်နှာ ငါးခုမြောက်ကို သွားချင်တဲ့အခါမှာ (Ctrl+5) ကို တွဲဖက် နှိပ်ရပါမယ်။
  8. စာမျက်နှာတွေကို ခေါ်ယူစဉ်မှာ loading လုပ်တဲ့ စတိုင်ဟာ IE8 နဲ့ဆင်တူပြီး စက်ဝိုင်းကလေး လည်ပတ်နေတဲ့ ပုံသဏာန် ရှိပါတယ်။ ‘Ctrl’ နဲ့ Tab’ ကို တွဲဖက်နှိပ်လိုက် ရင် အဲဒီအချိန်မှာ လတ်တလော loading ခေါ်ယူနေတဲ့ page (tab) ဆီကိုရောက်ပါမယ်။
  9. (Ctrl+Shift+Tab) တွေကို တွဲဖက်နှိပ်မယ်ဆိုရင်တော့ Ctrl+Tab နဲ့ ဆန့်ကျင်ဘက် အဖြေကို ရရှိမှာဖြစ်ပြီး ယခင် loading ခေါ်ယူပြီးခဲ့တဲ့ page ဆီကို ပြန်လည်ရောက်ရှိနိုင်ပါလိမ့်မယ်။v
  10. Firefox browser မှာ သုံးခဲ့သလို ကိုယ်ကြည့်ရှုနေတဲ့ စာမျက်နှာတွေကို စိတ်ကြိုက် နေရာချပြီး အထားအသို ရွှေ့ပြောင်းဖို့အတွက် mouse ကို ဖိထားပြီး drag ဆွဲယူရပါမယ်။
  11. သိပ်ကြိုက်တဲ့ စာမျက်နှာတစ်ခုကို တွေ့ရတဲ့အခါမှာတော့ မှတ်သား bookmark လုပ်ထားဖို့အတွက် ‘Ctrl နဲ့ D’ ကိုနှိပ်ရပါမယ်။ အဲဒီကမှ ပေါ်လာတဲ့ edit box ထဲမှာ ကိုယ့်စိတ်ကြိုက် အမည်ပေးတာနဲ့ folder တည်ဆောက်တာတွေကို လုပ်ဆောင်နိုင်ပါတယ်။ Address bar မှာ ရှိနေတဲ့ ကြယ်ပွင့် အ၀ါရောင်ကလေးကို click နှိပ်ပြီး bookmark လုပ်နိုင်ပါတယ်။
  12. ‘Ctrl နဲ့ B’ ကို တွဲဖက်နှိပ်လိုက်တဲ့အခါ မှာတော့ bookmark bar ကို ခဏ ဖျောက်ပေးထားပါတယ်။ မြင်ကွင်း ကျယ်ကျယ်ကို ကြည့်လိုသူတွေအတွက် အသုံးဝင်တဲ့ shortcut တစ်ခုပါပဲ။
  13. Bookmark bar မှာ ရှိတဲ့ ‘back’ ( အနောက်ကိုသွားတဲ့ button) လေးကို Right click နှိပ်လိုက်တဲ့အခါမှာ ကိုယ်ကြည့်ရှုခဲ့တဲ့ စာမျက်နှာတွေရဲ့ စာရင်းကိုတစ်ရက်ချင်းအလိုက် မှတ်တမ်းရရှိပါလိမ့်မယ်။ အဲဒီရဲ့ အောက်ဆုံးမှာတော့ ‘full story’ ဆိုတဲ့ စာသားကို click နှိပ်လိုက်တဲ့အခါ new tab ဖွင့်လှစ်ပေးပြီး ကိုယ့် web စာမျက်နှာကို အပြည့်အ၀ ပြန်လည်ရရှိပါလိမ့်မယ်။
  14. History စာမျက်နှာကို အမြန်ဆုံး နည်းနဲ့ ရောက်ရှိချင်ရင်တော့ Ctrl နဲ့ H ကို တွဲဖက်နှိပ်ရပါမယ်။
  15. Instory စာမျက်နှာဟာ install လုပ်ပြီး စတင်သုံးစွဲခဲ့ချိန်ကစလို့ နေ့စွဲ တစ်ခုချင်းစီ အလိုက် မှတ်သားပေးထားမှာ ဖြစ်တဲ့အတွက် မလိုအပ်တာနဲ့ အသုံးမကျတာတွေကို စိတ်ကြိုက် ဖျက်ပစ်ပြီး လိုအပ်သလို ဖွဲ့စည်းပြင်ဆင်ထားနိုင်ပါတယ်။
  16. ‘Ctrl နဲ့ J’ ကို တွဲဖက်နှိပ်တဲ့အခါမှာ ‘download’ လုပ်တဲ့ page ကို ဖွင့်လှစ်ပေးပါလိမ့်မယ်။
  17. ‘download’ page ကို ရှင်းလင်း ချင်တယ်ဆိုရင်တော့ link တစ်ခုချင် အလိုက် Right နှိပ်ပြီး ပေါ်လာတဲ့ box ထဲက ‘Remove’ ကို ရွှေးချယ်လိုက်ရုံနဲ့ ကိစ္စပြတ်ပါတယ်။
  18. ‘Ctrl နဲ့ K’ ဒါမှမဟုတ် ‘Ctrl နဲ့ E’ ဒီ shortcut ကတော့ address bar ပေါ်မှာ ရှာတွေ့ဖို့ဖြစ်ပါတယ်။ ဟိုအရင်တုန်းက ရှာဖွေဖို့အတွက် ‘google.com’ ဆိုတာကို အရင်ရိုက်ပြီးမှ အဲဒီ search box ထဲကနေ တစ်ဆင့် ရှာဖွေခဲ့ကြရတယ် မဟုတ်လား။ အခုတော့ အဲဒီမှာရှိတဲ့ အဆင့်တစ်ခု ပြုတ်သွားပါပြီ။ address bar မှာကို တန်းပြီး ကိုယ်ရှာဖွေချင်တဲ့ text ကို ရိုက်ပြီး Enter ခေါက်လိုက်တာနဲ့ google ရဲ့ search engine ကို ချိတ်ဆက်မိသွားပြီး အဖြေကို တန်းပြီး ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ဒီ command နှိပ်လိုက်စဉ်မှာ address bar မှာ “?” ပုံစံလေး ပေါ်လာပါလိမ့်မယ်။
  19. Window ရဲ့ ထိပ်နားမှာ Right Click နှိပ်လိုက်ပြီး Task manager’ ကို ရွှေးချယ်လိုက်တဲ့အခါမှာတော့ ဖွင့်ထားတဲ့ tab (စာမျက်နှာတစ်ခုချင်းအလိုက်) တွေရဲ့ memory သုံးစွဲနေပုံကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ အဲဒီအခါမှာ ကိုယ့် PC အတွက် ဘယ်စာမျက်နှာဟာ memory ကို သိသိသာသာ သုံးစွဲနေသလဲ ဆိုတာကို သိနိုင်ပြီး ပယ်ဖျက်နိုင်တဲ့အတွက် surfing လုပ်တဲ့ အခါမှာ မြန်ဆန်လာတာကို ရရှိနိုင်ပါလိမ့်မယ်။
  20. ‘Shift နဲ့ Escape’ ခလုတ်တွေကို တွဲဖက်နှိပ်တဲ့အခါတော့ chrome browser ရဲ့ Task manager ထဲကို ဆိုက်ရောက်ပါလိမ့်မယ်။
  21. add-ons ကိုတော့ chrome မှာ plug-ins လို့ပဲ လတ်တလော မှာ ခေါ်ဆိုပါသေးတယ်။ address bar မှာ ‘about: plugins’ ဆိုပြီး ရိုက်လိုက်တဲ့အခါမှာ ဘယ်လိုအမျိုးအစား plugins တွေကို install လုပ်ထားသလဲဆိုတာကို သိရှိနိုင်ပါတယ်။
  22. Address bar မှာ ရိုက်နိုင်တဲ့ တခြား command တွေ ရှိပါသေးတယ်။
  23. about: stats about: network about: histograms about: memory about: cache about: dms
  24. ‘about: crash’ ကို address bar ကို ရိုက်လိုက်တဲ့အခါမှာ တော့ crash ဖြစ်တဲ့ tab တွေကို တွေ့ရှိရပါလိမ့်မယ်။
  25. Windows XP တစ်ခုတည်းမှာသာ အလုပ်အလုပ်တဲ့ easter egg လို့ခေါ်တဲ့ ပျော်စရာကလေးတစ်ခုကတော့ “about: internets” ဖြစ်ပါတယ်။ address bar မှာ အဲဒီလိုရိုက်လိုက်တဲ့အခါမှာ ကိုယ့်ရဲ့ screen saver လေးတွေကို ဖော်ပြပေးပါလိမ့်မယ်။
  26. chrome ကနေ web page တစ်ခုရဲ့ source code တွေကို လွယ်လင့်တကူ ကူးယူဖို့အတွက် webpage မှာright click နှိပ်ပြီး view source code ကနေ တစ်ဆင့် ကူးယူလို့ရပါတယ်။ အဲဒီနောက် “inspect element” ဆိုတာကတော့ အဲဒီ webpsge ကို ပြင်ဆင်ရေးသားဖို့ပါ။ Developer တွေအတွက် အလွန်အသုံးဝင်တဲ့ tool တစ်ခု ဖြစ်ပါတယ်။
  27. Google chrome ကို ကိုယ့် PC အတွက် default browser အနေနဲ့ ထားချင်တယ်ဆိုရင်တော့ ‘tools’ button ကနေ options ကို ရွေး လိုက်ပါ။ အဲဒီ box ထဲမှာရှိတဲ့ ‘Basics’ tab ကို click နှိပ်ပြီး ‘Make Google chrome my default botton’ ကို click နှိပ်လိုက်ရုံပါပဲ။
  28. အန္တရာယ်ရှိတဲ့ cookies တွေကို ဖျက်ချင်တယ် ဆိုရင်တော့ ညာဘက်မှာ ရှိတဲ့ Tools>options>under the hood ကိုရွေးချယ်ပါ။ အောက်ကို ဆင်းလိုက်ပြီး’security section’ ကိုရွေးပါ။ အဲဒီမှာ ’show cookies’ ကို click နှိပ်ပါ။ ဒီထဲမှာက individual cookies ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
  29. History, cache နဲ့ browse လုပ်ထားခဲ့တဲ့ တခြား အချက်အလက်တွေကို ဖျက်ပစ်ချင်တယ်ဆိုရင် tools icon အောက်မှာရှိတဲ့ ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
  30. တခြားသော ရောက်ရှိသွားလာခဲ့တဲ့ webpage တွေနဲ့ မှတ်တမ်းတွေကို ဖျက်ချင်တယ် ဆိုရင်လည်း ‘clear browsing data’ ကို click နှိပ်ပြီး ဖျက်ပစ်နိုင်ပါတယ်။
  31. Browser history တွေကို clear လုပ်ပြီး ဖျက်ပစ်ခဲ့ပေမယ့် အသုံးများတဲ့၊ အဖိုးတန်တဲ့ google က ယုံကြည်တဲ့ page တွေကိုတော့ ပြန်လည် ခေါ်ယူလို့ ရပါတယ်။
Share:
Google Image ရဲ့လျှို့ ဝှက်ချက်များ
  • တကယ်လို့ လူတစ်ယောက် အကြောင်းကို သိချင်ပြီ ဆိုရင် google web ဟာ အတိအကျ မကူညီ နိုင်ပါဘူး။ “www.google.com” ရဲ့ ပင်မ Search မှာ ရှာသင့်တာက အဲဒီလူ(ယောက်ျား သို့မဟုတ် မိန်းမ)ရဲ့ နာမည်ကိုသာ ရအောင်ရှာပါ။ ပြီးရင် ‘copy’ ကူးပြီး ‘image.google.com’ ကို သွားပါ။ အဲဒီ ကူးထားခဲ့တဲ့ နာမည်ကို ‘paste’ လုပ်ပါ။
  • စကားလုံး တစ်လုံးရဲ့ အဓိပ္ပါယ်ကို သိချင်တယ် ဆိုရင်လည်း အဲဒီလို ပါပဲ။ စကားလုံးကိုသာ ‘အမိအရ’ ရှိပါစေ။ ပုံတွေနဲ့ တစ်ဆင့် ရှာဖွေ နိုင်ပါတယ်။
  • Google ဟာ ‘Flickr.com’ လို website ကောင်းတွေရဲ့ image တွေကို သုံးစွဲ ထားတာဖြစ်ပါတယ်။ တကယ်လို့ ‘image.google.com’ မှာ ကိုယ်ရှာဖွေလိုက်တဲ့ image ရဲ့ အောက်ခြေမှာ ’source’ ရှိပါတယ်။ အဲဒီထဲကမှ ‘flickr’ ကိုပြန်လည် ရွေးချယ်ပါ။ တူရာတူရာ ပုံရိပ်တွေ အများအပြား ရရှိ လာပါလိမ့်မယ်။
  • စိတ်ကြိုက်ပုံရိပ်ကလေးတွေ ရရှိဖို့အတွက် ပုံရိပ်အမည်ကို စာရိုက်ပြီး ရှာဖွေတာ ထက်စာရင် website ကောင်းတွေဆီကနေ တစ်ဆင့် ရှာဖွေတာ ပိုကောင်းပါတယ်။ ဥပမာ image search box မှာ “wired.com” ဒါမှမဟုတ် ‘economist.com’ ဆိုပြီး ရိုက်လိုက်ပါ။ အဲဒီ website တွေမှာ သုံးစွဲထားတဲ့ ပုံရိပ်တွေထဲကမှ ကိုယ့်စိတ်ကြိုက် ပြန်လည် ရှာဖွေပါ။
  • ကိုယ့်ရဲ့ desktop အတွက် လိုချင်တဲ့ wallpaper တွေကိုတော့ Image Search မှာ customise လုပ်ပြီး ရှာဖွေ ကြည့်နိုင်ပါတယ်။ အငယ်စား၊ အလတ်စား၊ အကြီးစား စတဲ့ ရွေချယ်မှုတွေ ထဲကနေ ‘Large file’ ကို စစ်ထုတ် ယူနိုင်ပါတယ်။
  • ဒစ်ဂျစ်တယ် ကင်မရာတွေဆီကနေ ထွက်ပေါ်လာတဲ့ နာမည်တွေနဲ့ ရှာဖွေတဲ့ နည်းတစ်မျိုး ရှိပါသေးတယ်။ ဒါဟာ ပုဂလိက ပိုင်းဆိုင်ရာ ပုံရိပ်တွေကို ရှာဖွေတာ ဖြစ်တဲ့အပြင် upload တင်တဲ့အချိန်မှာ နာမည်ပြောင်းလဲပြီး သုံးစွဲနိုင်တဲ့ အတွက် အားတော့ မကိုးစေချင်ပါ။
  • ထင်ရှားတဲ့ ပန်းချီဆရာ၊ ကာတွန်း ဆရာတွေကို ဆိုရင် သူတို့ရဲ့ လက်ရာ၊ ဒါမှမဟုတ် နာမည်နဲ့ တစ်ဆင့် ရှာဖွေနိုင်ပါတယ်။ ဥပမာ ‘ဝေါ့ဒစ္စနေ’ ဒါမှမဟုတ် “Tom and Jerry” စသဖြင့်ပေါ့။
  • GreaseMonkey ရဲ့ Script နှစ်ခုကို install လုပ်ပါ။ အလွယ်ကူဆုံးနဲ့ သုံးစွဲသူအချိန်ကုန် သက်သာစေဖို့ ဖန်တည်းထားတဲ့ အတွက် ကျေနပ်စရာပါ။ ပထမ script ဟာ ‘google large view’ လို့ခေါ်ပါတယ်။ (http://addons.mozilla.org/en-US/firefox/addon/89)(image38)
    1. ရရှိလာတဲ့ search result တွေရဲ့ ပုံရိပ် မသဲမကွဲ ဖြစ်နေရင် ‘pointer’ ထောက်လိုက် တာနဲ့ ပုံကြီး ချဲ့ ပေးပါတယ်။ဒုတိယ script ကတော့ ’search preview’ လို့ခေါ်ပါတယ်။ (http://addons.mozilla.orglen.US/firefox/addon/zll)
    2. google,yahoo နဲ့ တခြား နာမည်ကြီး search engine တွေမှာ အလုပ်လုပ်ဖို့ web search ကိုရော ‘Thumbnail’ ကိုရော တစ်ပြိုင်နက်တည်း မြင်ရပါမယ်။
  • စကားလုံးတွေရဲ့ အရောင်တွေကို ဖွေရှာပါ။ ဥပမာ အားဖြင့် ပန်းချီ ကားတစ်ချပ်ကို ရှာဖွေချင်တဲ့ အခါမှာ ပန်းချီ ဆရာရဲ့ အမည်နဲ့ ရှာဖွေ နိုင်သလို ပန်းချီကားရဲ့ အမည်နဲ့လည်း ရှာဖွေနိုင်ပါတယ်။ ဒါ့အပြင်မှာ ဥပမာ စီးပွါးရေး အတွက်ဆိုရင် ‘အ၀ါရောင်’၊ စိမ်းလန်းမှု ကမ္ဘာမြေရဲ့ သင်္ကေတဆိုရင် ‘အစိမ်းရောင်’ တွေရဲ့ color code တွေနဲ့လည်း ရှာဖွေနိုင်ပါတယ်။ Google ရဲ့ color code ဟာ စကားလုံး တစ်ခုချင်းစီမှာ မတူညီတဲ့ code ကလေးတွေ ရှိနေပါတယ်။
  • Google Grab ဆိုတာဟာ thirdparty software ငယ်ကလေး တစ်ခုပါ။ ကိုယ့်ရဲ့ Search results ကို ပိုမို တောက်ပစေအောင် စွမ်းဆောင်ပေးပါတယ်။ (image 40)(http://www.sas21.de/apps/webimagegrab/3.4MB ပမာဏ ရှိတဲ့ program ငယ်လေးကိုတော့ dowmload ရယူရပါမယ်။
Share:
Google စွယ်စုံကျမ်း ဖြစ်အောင် ဘယ်လိုလုပ်ယူမလဲ။
MP3 သီချင်းတွေကို google ကနေ ဘယ်လို ရှာဖွေမလဲ၊ အတိုင်းအတာယူနစ်တွေနဲ့ အဓိပ္ပယ် ဖွင့်ဆိုချက်တွေ အပြည့်အစုံ ရရှိနေတဲ့ google ရဲ့ လျှိုရ၀ှက်ချက်တွေ……….
၁။ ဂဏန်းတွက်စက်တစ်လုံးလိုအသုံးပြုနိုင်တယ်
သင့်စားပွဲပေါ်မှာ လက်ကိုင် ဂဏန်းတွက်စက် မရှိလို့များ အခက်အခဲ ကြုံရလိမ့်မယ်လို့ တွေးကြောက်နေစရာ မလိုပါဘူး။ google ကို ဂဏန်းတွက်စက် (caculator) လို့ သဘောထားပြီး သုံးစွဲနိုင်ပါတယ်။ ဂဏန်းတွက်စက်မှ တကယ့်ကို အဆင့်မြင့်နည်းပညာ သုံးစွဲထားတဲ့ online caculator တစ်ခုလို သုံးစွဲနိုင်ပါတယ်။ သင့်ရဲ့ညီမျှခြင်းတွေ၊ ပုံသေနည်း တွေအားလုံးကို google အင်ဂျင်က ခွင့်ပြုပါတယ်။ လိုချင်တဲ့ အဖြေတွေအတွက် google search box ထဲကို ရိုက်ထည့်လိုက်ရုံပါပဲ။ သင်ယခင်က သာမန် search လုပ်ခဲ့တဲ့ display အတိုင်းကို ပြသပေးမှာပါ။ သိပ်လွယ်ပါတယ်။ အခြေခံအဆင့် Algebra တွက်ချက်နည်းတွေ ဖြစ်တဲ့ addition (ပေါင်းခြင်း)၊ subtraction (နုတ်ခြင်း)၊ Multiplication (မြှေက်ခြင်း)၊ division (စားခြင်း) စတဲ့ အချက်အလက်တွေကို ပြုလုပ်နိုင်ပါတယ်။ (ဥပမာအားဖြင့် ၂ နှင် ၃ ကို ပေါင်းချင်တဲ့အခါ (2+3) ပြီးရင်တော့ Enter ခေါက်ပေါ့။
ဥပမာ ၁၀ ကို ၂ ဖြင့် စားချင်တဲ့အခါ (10/2) ဆိုပြီး (slash) button ကို သုံးစွဲနိုင်တာပေါ့။
အဲဒီ ပေါင်း၊ နုတ်၊ မြှောက်၊ စားလောက်ကို google က စာကို မဖွဲ့တာတချို့ ဂဏန်းတွက်စက်တွေလို ဂဏန်းအလုံးရေ (၁၀လုံး၊ ၁၂ လုံး စသဖြင့်) ကန့်သတ်ထားတာ မရှိဘဲ စိတ်ကြိုက် တွက်ချက် နိုင်ပါတယ်။ ဒါဟာ တကယ့် သိပ္ပံ ပညာရှင် တွေနဲ့ သင်္ချာ မာစတာ သမားတွေ ကိုင်ဆောင် ကြတဲ့ လက်တွေ့ အသုံးချ တွက်ချက် နည်းစနစ် ကိရိယာ အကြီးစား တစ်ခုလို ပါဘဲ။ တြီဂို နိမေတြီ (sin-cos-tan) ဆိုတဲ့ functions တွေ တန်ပြန် တွက်ချက်မှု (cosin-cosec-cotan) စတာတွေ၊ hyperbolic functions (ထပ်ကိန်း စနစ် ပုံသေနည်း) နဲ့ လောဂရစ်သမ် စနစ် တွေက အစ တွက်ချက် နိုင်ပါတယ်။
၂။ ဂဏန်းသင်္ချာပိုင်းဆိုင်ရာသတ်မှတ်ချက်တွေကိုနားလည်တယ်။
အံ့သြဖို့ကောင်းတာက google ဟာတွက်ချက်မှုပိုင်းဆိုင်ရာ ဖော်ပြချက်မျိုးစုံနဲ့ သိပ္ပံနည်းပညာနယ်ပယ်မှာသာ သုံးလေ့သုံးထရှိတဲ့ စကားလုံးတွေ ဝေါဟာရတွေ ပုံသေနည်းတွေကိုပါ သိရှိထားပါတယ်။ pi ( ) Avogadro number, Planck’s constant, ကမ္ဘာမြေကြီးရဲ့အချင်း၊ နေစကြ၀ ရဲ့ အလေးချိန်၊ ထုထည်၊ အလင်ရဲ့ အလျင်၊ ဆွဲငင်အားနဲ့ ပက်သက်တဲ့ ကိန်းဂဏန်းအရေအတွက်တွေ စတဲ့ စတဲ့ ဝေါဟာရ ဖော်ပြချက်မျိုးစုံကို သိထားပါတယ်။ (ဥပမာအားဖြင့် pi တန်ဖိုး အတိအကျကို သင့်အနေနဲ့ ဇဝေဇ၀ါဖြစ်ပြီး မသဲမကွဲဖြစ်နေရင် ဒီအတိုင်း စမ်းကြည့်ပါ။
ဥပမာ (၁)
၁။ google.com ဟုရိုက်ပါ။
၂။ Search box မှာ ‘pi’ ဟု ရိုက်ပါ။
၃။ Enter ခေါက်ပါ။
၎။ 3.14159265 ဆိုတဲ့ အဖြေကို ရလိမ့်မယ်။
(ငယ်ငယ်တုန်းက (pi) စက်ဝိုင်းတစ်ခုရဲ့ အလျားကို =3.14 လို့ သင်ကြား ဖူးခဲ့ရ သ ဖြင့် google
အဖြေသည် လက်ခံချင် ဖွယ်ရာ မဟုတ် ပါလား။)
ဥပမာ (၂)
အလင်းရဲ့ အလျင်ကို သိချင်ရင်….
၁။ google.com ဟုရိုက်ပါ။
၂။ google.search box မှာ ’speed of light’ ဟု ရိုက်ပါ။
၃။ 299, 792, 458 m/s
m/s ဆိုတာက mile per Second ပါ။( တစ်စက္ကန့်မှာ ရောက်တဲ့ခရီးရဲ့ အကွာအဝေးကို မှိုင်နှုန်းဖြင့် ဖော်ပြ ထား ခြင်း ဖြစ်ပါတယ်။)
၃။ အတိုင်းအတာယူနစ်တွေကိုလည်း ပုံသဏ္ဍန်ပြောင်းလဲပေးနိုင်စွမ်းရှိတယ်။
နောက်ထပ် အံ့သြစရာ ကောင်းတာတစ်ခုက အင်ဂျင်ထဲမှာ ရှိတဲ့ နည်းစနစ်က လက်ကိုင် တွက်စက်တွေလိုပဲ မိုင်တွေ၊ မီတာတွေ၊ ဖာလုံတွေ၊ အလင်းနှစ်၊ စက္ကန့်၊ ၁၄ရက် တစ်ကြိမ် စတဲ့ အရာအားလုံးကို သူသိနေတယ်။ သိရုံတင် မဟုတ်ပါဘူး။ မူလယူနစ်ကို နောက်ထပ် အတိုင်းအတာ ယူနစ်တစ်ခု အဖြစ် ပြောင်းလဲ ပေးနိုင် စွမ်းရှိပါတယ်။ အဲ သုံးရမယ့် keyword တွေနဲ့ သင်္ကေတလေးတွေကိုတော့ သိထားရမှာပေါ့ လေ။ google ကတော့ ‘x’ ဆိုတဲ့ ပထမ unit ကို ဒုတိယ unit ဖြစ်လာဖို့ ‘in’ ဆိုတဲ့ word ကို သုံးပါသတဲ့။ နားရှုပ် သွားပါသလား။ တွက်ချက်ပုံနဲ့ အဖြေ ရှင်းထုတ်ပုံတွေက အလွယ်လေးပါ။ ဥပမာ ဆိုရရင် တစ်မီတာမှာ ပေဘယ်လောက် ရှိသလဲ။ တွက်ကြည့်စမ်းပါဆိုရင် ဘယ်လောက်ကိုများ သတိ ရမှာပါလိမ့်။ နောက်ဆုံးပေါ် ဂဏန်း တွက်စက်တွေလား၊ ဒါမှမဟုတ် ရှေးယခင်က လေယာဉ်ပျံတံဆိပ် ပေတံ အဟောင်းလေးလား၊ ‘M’ တံဆိပ် သံကွန်ပါဘူးလေးလား၊ ဘာကိုမှ အတွေးမှား မနေပါနဲ့ အခုအတိုင်း ကြိုးစားကြည့်ပါ။
၁။ google.com ဟုရိုက်ပါ။
၂။ google search box မှာ ‘1 meter in feet’ ဆိုပြီး ရိုက်ပါ။
(တစ်မီတာမှ ရှိတဲ့ ‘ပေ’ ယူနစ်ပေါ့) ! “in” ဆိုတာ syntax ပါ။ ဒါဆိုရင် တစ်မီတာမှာ ရှိတဲ့ ပေ
အတိ အကျ ရလာပါလိမ့်မယ်။
နောက်ဥပမာတစ်ခုက ဖန်ခွက်လတ် တစ်ခုမှာ လက်ဖက်ရည်ဇွန်း (ငယ်) ဘယ်လောက်ပါဝင်သလဲ။ ရှာကြည့်ရအောင်…
၁။ google.com ဟုရိုက်ပါ။
၂။ half a cup in teaspoons
ဒေါ်လာ ၁၀၀ မှာ Euro ဘယ်လောက်ရှိလဲ။ ၁ ဒေါ်လာမှာ မြန်မာကျပ် ဘယ်လောက် ရှိသလဲ စသဖြင့် တွက်ချက် ကြည့် နိုင်ပါတယ်။ ! သူ့ရဲ့ ပုံသေနည်း ဒါမှမဟုတ် syntax က x first in second unit ! Search box မှာ ” ” မသုံးရပါ။
၎။ အဘိဓာန်တစ်ခုလိုလည်း သုံးစွဲနိုင်ပါတယ်။
dictionary တစ်ခု လိုချင်တယ်။ များသော အားဖြင့် သုံးလေ့ သုံးထ ရှိကြတဲ့ အဘိဓာန် နဲ့ ပတ်သက်တဲ့ Website တွေကို မသိဘူး ဆိုရင် google ကိုပဲ အဘိဓာန် စာအုပ်တစ်အုပ်လို သဘော ထားပြီး သုံးစွဲ နိုင်ပါတယ်။
ဥပမာ …chatting ဆိုတာဘာလဲ၊ (what is chatting) ဆိုတဲ့ အဖြေကို ရရှိဖို့ အတွက် google ရဲ့ search box မှာ ဒီအတိုင်း ကြိုးစားပါ။
၁။ google.com ဟုရိုက်ပါ။
၂။ search box မှာ what is chatting ရိုက်ပါ။(? အမှတ်အသား ထည့်ဖို့ မလိုပါ။)
၃။ ရလာတဲ့ အဖြေစာရင်းတွေနဲ့ ထိပ်ဆုံးမှာ chatting ဆိုတဲ့ စကားလုံးရဲ့ ဖွင့်ဆိုချက်ကို ရှင်းပြထားပါတယ်။
၎။ နောက်တစ်ကြောင်း ဖြစ်တဲ့ “definition in context” ဆိုတဲ့ Link စာမျက်နှာကတော့ သက်ဆိုင်ရာ webpage ဆီကို အရောက်သွားနိုင်ဖို့ အကောင်းဆုံး လမ်းညွှန်ချက်ပါ။
၅။ အဆိုပါ ‘what is chatting ‘ ဆိုတဲ့ စကားစုံကို ဝါကျထဲမှာ သုံးစွဲပုံ သုံးစွဲနည်းကို နမူနာအနေနဲ့ ဖော်ပြထားပါသေးတယ်။
၅။ အဓိပ္ပာယ်ဖွင့်ဆိုချက်တွေကိုလည်းရရှိနိုင်ပါတယ်။
စကားလုံး အသစ်၊ အသစ်တွေဟာ အမြဲမပြတ် ထွက်ပေါ်နေတတ်တာမို့ တစ်ခါတရံမှာ ကိုယ်သိချင်တဲ့ စကားလုံးရဲ့ အဓိပ္ပာယ်ကို မှန်မှန်ကန်ကန် မရရှိပဲ ဖြစ်တတ်ပါတယ်။ အဲဒီ အခက်အခဲကို google ဟာ ကူညီဖြေရှင်းပေးပါတယ်။ ကောင်းပြီ ဒါဆိုရင် အခုတလောမှာ လူပြောသူပြော များလာတဲ့ ‘p2p’ လို့ အတိုကောက် ခေါ်ဆိုကြတဲ့ ‘peer to peer’ ဆိုတဲ့ ဝေါဟာရရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို ရှာကြည့်ကြရအောင်…
၁။ google.com ဟုရိုက်ပါ။
၂။ search box မှာ define: “peer to peer ” ဟုရိုက်ပါ။ (define ဆိုတာက google ကသတ်မှတ် ပေးထားတဲ့ operator တစ်ခုဖြစ်ပြီး အဲဒီလို ဖွင့်ဆိုချက်
(definitions) တွေကို ရည်ညွှန်းပါတယ်။)
၃။ peer to peer ရဲ့ အဓိပ္ပာယ် ဖွင့်ဆိုချက်ကို စနစ်တကျနဲ့ သေချာစွာ စာမျက်နှာထဲမှာ အပြည့်အဝ ရှင်းလင်း ပြသပါလိမ့်မယ်။
၎။ မှတ်သားဖို့ တစ်ခုရှိတာကတော့ (operator) define ကို သုံးစွဲတဲ့
အခါမှာ ပါဝင်ရမယ့် သင်္ကေတတွေ အပြည့်အဝပါဝင်ဖို့ လိုပါတယ်။
Semicolum(;) နှင့် open comma, close comma (”,”) တွေ
ပြုတ်ကျန်နေခဲ့လို့ မရပါဘူး။
! define: “သင်ရှာလိုသော စကားလုံး” ဆိုတဲ့ ပုံသေနည်းကိုသာ
အလွတ်နည်းပါး မှတ်သားဖို့ လိုပါတယ်။
၆။ တိကျတဲ့ အချက်အလက် တွေရှိတယ်။
ဘွဲ့ယူစာတမ်းတင်ဖို့၊ သေချာခိုင်မာတဲ့ ဖြီးလုံးဖြန်းလုံးတွေ မဟုတ်တဲ့ အချက်အလက်တွေ လိုအပ်နေပြီဆိုတော့ google ကို အားကိုးနိုင်ပါတယ်။ (များသောအားဖြင့် google အပါအဝင် spider engine တွေဟာ အဖြေတွေကို မရေမတွက်နိုင်အောင် ဖေါ်ထုတ်ပေးတတ်ကြပေမယ့် အလိုချင်ဆုံးအဖြေဟာ Search result ရဲ့ ထိပ်ဆုံးနားမှာ ရှိတတ်ပါတယ်။) သတင်းရင်းမြစ်တွေ ရှိပေမယ့် ကိုယ်ကိုယ်တိုင်ကလည်း key လေးတွေကို တိုလိုရှင်း ထည့်ပေးနိုင်မှ ဖြစ်မှာပါ။ ပုံသေနည်းမှန်မှ အဖြေမှန်မယ့် သဘောပါပဲ။
ဥပမာ (၁) စာရေးဆရာကြီး မတ်တွိုင်း ရဲ့ မွေးရပ်ကို သိချင်ရင်…
- birth-place mark twin
ဥပမာ (၂) ကုလသမဂ အတွင်း ရေးမှုးချုပ် ဟောင်း ဦးသန့်ရဲ့ မွေးရက်နဲ့ ချက်မြုပ် ဇာတိကို သိချင်ရင်…
- birth-place U Thant
ဥပမာ (၃) ကိုရီးယားကြယ်ပွင့်လေး ရိန်းကိုတော့ သူ့ နာမည်ရင်း ဖြစ်တဲ့ Jung Ji Hoon နဲ့ ရှာပါ။
၇။ သတ်ပုံတွေ အလိုအလျှောက် ပြင်ဆင်ပေးတယ်။
မင်းသမီးတစ်ယောက်ရဲ့ ပုံတွေကို ရှာဖွေချင်တဲ့ အခါမှုာ search box မှာ ရိုက်လိုက်မိပါတယ်။ (ပဲရစ်ဟီတန်) ဆိုတဲ့ စကားလုံးအတွက် (peris-hetton) ဆိုပြီး ရိုက်လိုက်တဲ့ အခါမှာ google ရဲ့ search results ရဲ့ ထိပ်ဆုံးမှာ တောက်ပတဲ့ အပြာရောင်နဲ့ (…..) ကို မေးတာလားဆိုပြီး ပြင်ဆင်ပေးပါတယ်။
ဒါဟာ ဘယ်လို စကားလုံး၊ စကားစု မျိုးအတွက်မဆို အလိုအလျှောက် ပြင်ဆင်ပေးတဲ့ “spelling checker” တစ်ခုပါ။ ဒါကြောင့် နောက်နောင်မှာ အမည်နာမ မေ့သွားလို့ဖြင့် ပြဿနာတက်စရာ မရှိပါဘူး။ နည်းနည်းတော့ ဥာဏ်သုံးပြီး စဉ်းစားရမှာပေါ့။ လူကို မှတ်မိတယ်။ နာမည်ကို အလွတ်မရဘူး။ ထိုသူရဲ့ website ကို ရှာဖွေချင်တယ်ဆိုရင်…
၁။ images.google.com ကို ခေါ်ပါ။
၂။ search box မှာ ကိုယ် မှတ်မိသမျှ အမည်နာမကို ရတတ်သလောက် ရိုက်ထည့်ပါ။
၃။ google ကနေ အမှား ပြင်ဆင်ပေးပါမယ်။
၎။ ရလာတဲ့ image တွေမှာ ကိုယ်သိထားတဲ့ လူရဲ့ ပုံပန်းသဏ္ဍာန်ကို ရှာဖွေပြီး ထိုနေရာမှ တစ်ဆင့် copy ကူးပြီး google ရဲ့ သာမန် search box ထဲမှာ paste လုပ်ပါ။
၅။ Enter ခေါက်ပါ။
၆။ အဲဒီအခါမှာ အလွန်ကို လွယ်ကူချောမွေ့စွာနဲ့ လိုချင်တဲ့ အဖြေကို ရရှိသွားပါလိမ့်မယ်။
၈။ လိုချင်တဲ့ အဖြေတစ်ခုပဲ လိုချင်လျှင်
လူတိုင်းလိုလိုကတော့ သတင်းရင်းမြစ်များများ ရရှိတာကို ကြိုက်နှစ်သက်ကြပါတယ်။ဒါမှလည်း အားလုံးကို ခြုံငုံသုံးသပ်နိုင်မှာလေ။ ဒါပေမယ့် လူတချို့ကတော့ တိကျတဲ့၊ မှန်ကန်ပြည့်စုံတဲ့ အဖြေတစ်ခုတည်းကိုသာ တောင့်တကြလေ့ ရှိကြပါတယ်။ ဆိုပါစို့ ‘ဘယ်သူဟာ ကွန်ပျူတာ ဗိုင်းရပ်စ်ကို စတင် တီထွင်ခဲ့ ပါသလဲ’ ဆိုပြီး ရှာဖွေလိုက်တဲ့အခါမှာ ရလာတဲ့ အဖြေပေါင်း ခြောက်သောင်းကျော်လောက် ကြားမှာ မူးနောက်နောက်ဖြစ်ပြီး ဟိုဟာပဲ မှန်သလိုလို၊ ဒီဟာပဲ မှန်သလိုလို တွေ့ရှိခံစားဖူးပါလိမ့်မယ်။ အဲဒီ ကိစ္စကို ကူညီဖို့ search engine လောကမှာ google တစ်ယောက်သာ အဆင်သင့် ရှိတာပါ။ ဒီလို ကြိုးစားကြည့်ရအောင်-
၁။ google.com ရိုက်ပါ။
၂။ Search box မှာ ‘first inventer of computer virus’ ဟုရိုက်ပါ။
ပြီးလျှင် Enter မခေါက်ပါနှင့် ’search buttom’ ကို နှိပ်ပြီး မရှာဖွေခိုင်းလိုက်ပါနှင့်။
၃။ search buttom ဘေးမှာရှိတဲ့ ‘I am feeling lucky’ဆိုတဲ့ buttom ကို နှိပ်လိုက်ပါ။
၎။ အပြည့်စုံဆုံး အတိကျဆုံးနှင့် အမှန်ကန်ဆုံး အဖြေရှိတဲ့ website ထဲကို ရောက်ရှိ သွားပါလိမ့်မယ်။
၅။ များသောအားဖြင့် အဲဒီ အဖြေဟာ wikipedia လို့ ခေါ်တဲ့ ကမ္ဘာ့စွယ်စုံကျမ်းထဲမှာ ရှိနေတတ်ပါတယ်။
ဒါကြောင့် အဲဒီ link ဟာ wiki ရဲ့ စာမျက်နှာမှာ ခေါင်းစဉ်နဲ့အတူ အဆင်ပြေပြေ ဖတ်ရှုနိုင်ပါတယ်။
၉။ ဧရိယာ အမှတ်အသားတွေလည်းနားလည်တယ်။
Email တွေ ယူတဲ့အခါမှာ ဧရိယာ code ကို ထည့်သွင်းပေးခဲ့ရဖူးတယ် မဟုတ်ပါလား။ တကယ်လို့ သင်ဟာ နိုင်ငံခြားမှာ ရောက်နေခဲ့တဲ့ လူတစ်ယောက်ဆိုရင် ရန်ကုန်က ဖုန်းနံပါတ် ၃၈၇၃၀၅ ဆိုတဲ့ ဖုန်းနံပါတ်ကို နှိပ်ဖို့အတွက် ၀၉၅-၀၁-၃၈၇၃၀၅ ဆိုတာကို နှိပ်ရမှာပါ။ အဲဒီ အရှေ့ ဆုံးက (၀၉၅) ဆိုတာဟာ မြန်မာနိုင်ငံရဲ့ area code ပါ။(၀၁) ဟာရန်ကုန်ရဲ့ area code ပေါ့။ ဒါကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်မြို့  အတွင်းမှာရှိတဲ့ ၃၈၇၃၀၅ ကို ချိတ်ဆက်ပေးပါလို့ ဆိုတာပါ။ ဒါကို google မှာ ရှာဖွေ ကြည့်လိုက်ပါ။
၁၀။ အပြည်ပြည်ဆိုင်ရာ ရာသီဥတု အခြေအနေတွေကိုလဲ သိရှိထားတယ်။
တစ်နေရာဆီ ခွဲခွာနေရလို့များ သင့်ရဲ့ ဇာတိချက်မြှုပ်မြေမှာ ဘယ်လိုမျိုး ရာသီဥတု ဆိုးရွားမှုတွေကို တွေ့ကြုံနေရပါလိမ့် ဆိုပြီး တွေးတော သောကဖြစ်နေစရာ မရှိပါဘူးခင်ဗျာ။ ရန်ကုန်က မိုးလေဝသ အခြေအနေကို သိချင်ရင် ….
၁။ google.com ရိုက်ပါ။
၂။ Search box မှာ yangon weather ဟုရိုက်ပါ။
၃။ နေပူမိုးရွာ ပုံစံလေးကို ကာတွန်းပုံ သင်္ကေတလေးတွေနဲ့ကို ပြသပေးမှာ ဖြစ်ပြီး အောက်မှာ ရှိနေမယ့် Link ကတော့ အသေးစိတ် သိချင်သူတွေ ဆက်လက် လျှောက်လှမ်းသွားနိုင်မယ့် နေရာလေးတစ်ခုဖြစ်ပါတယ်။
၁၁။ ဘာသာပြန် ဆရာကောင်း တစ်ယောက်လည်း ဖြစ်တယ်။
ဥပမာ အားဖြင့် ဂျပန်နိုင်ငံမှာ ဖွင့်လှစ် သင်ကြားနေတဲ့ ကျောင်းတွေကို လေ့လာချင်လို့ ရိုက်ကြည့်လိုက်တဲ့ အခါမှာ http://www.iujac.jp/j/ ကို စမ်းသပ်ကြည့်ပါ။ ဂျပန် ဘာသာစကားနဲ့ တည်ဆောက်ထားတဲ့ home page ကို သာ တွေ့မြင်ရမှာဖြစ်ပါတယ်။ ထို့အတွက် ??? တွေနဲ့ အဓိပ္ပာယ် ပြန်ဆိုလို့ မရနိုင်တဲ့ page တွေမှာ ယခင်အချိန်တွေ တုန်းကတော့ status bar အားကိုးနဲ့ ကြိုးစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ယခုအခါမှာတော့ ဒီအတိုင်းကြိုးစားကြည့်ပါ။
၁။ google.com ရိုက်ပါ။
၂။ ဖွင့်မရ၊ ကြည့်မရ ဖြစ်နေတဲ့ လိပ်စာကို copy ကူးပြီး search box မှာ paste လုပ်ပါ။
၃။ Enter ခေါက်ပါ။
၎။ ပေါ်လာတဲ့ search မှာ ရှိတဲ့ ‘translate this page’ ကို Click နှိပ်ပါ။
၅။ အင်္ဂလိပ်ဘာသာနဲ့ ပြန်ဆိုထားတဲ့ home page တစ်ခုကို google မှ ဖန်တီးပေးပါလိမ့်မယ်။
google ရဲ့ translation page ဟာ ဘာသာစကားပေါင်း ၂၀ ကျော်ကို ပြန်ဆို ရရှိနိုင်တဲ့ အတွက် အာရေဗျ နဲ့ အီတလီ တို့လို ဖတ်ရခက်တဲ့ ဘာသာစကားတွေနဲ့ ရေးသားထားတာကြောင့် website ကလေး လှပလို့ လှည့်ပတ် ကြည့်ရှုချင်သူတွေရဲ့ မချင့်မရဲ ဖြစ်တဲ့ စိတ်တွေ ပြေပျောက်စေမှာ အသေအချာပါပဲ။
၁၂။ ရုပ်ရှင် ဗီဒီယိုသတင်းတွေကိုလည်း သူသိတယ်။
တလောက ရုံတင်သွားတဲ့ ဂျိမ်းစ်ဘွန်း ဇာတ်ကားသစ်ကို သတိရတယ် မဟုတ်လား။ မင်းသားက လူကြမ်းမျက်နှာပေးနဲ့ ငနဲလေး၊ ဒီလို movie သတင်းမျိုး လောက်ကတော့ google အတွက် အသေးအမွှားလေးတွေပေါ့။
၁။ google.com ဟုရိုက်ပါ။
၂။ Movie:Casino Royale ဟု search box မှာရိုက်ပါ။
အဖြေကတော့ ၁၉၆၇ ခုနှစ်ကတည်းက ရိုက်ကူးခဲ့တဲ့ မူလရုပ်ရှင် Casinon Royale ရဲ့ အကြောင်းအရာကိုရော၊ ၂၀၀၆ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ ဒန်ရီရယ်ခရိတ် ပါဝင်တဲ့ ဇာတ်ကားအကြောင်းကိုရော Review တွေတင် ဖတ်ရမှာ မဟုတ်ဘဲ Casino Royale ရဲ့ ကျောရိုးဖြစ်တဲ့ စုံထောက်ဂျိမ်းစ်ဘွန်း ဇာတ်ကားတွေ အကြောင်းကိုပါ သိရှိရမှာ ဖြစ်ပါတယ်။
၁၃။ ဂီတရဲ့ လျှို့ ဝှက်ချက်တွေလည်းရှိနေတယ်။
google ဟာ ဗီဒီယို ရုပ်ရှုင် တစ်ခုတည်းအတွက်တင် မဟုတ်ပါဘူး။ သီချင်းဂီတတွေ အတွက်ပါ အသုံးဝင်ပြီး ကျော်ကြားထင်ရှားတဲ့ ဂီတ သမားပေါင်း ထောင်ချီပြီး သူ့ရဲ့ server ထဲမှာ စုပေါင်း သိမ်းဆည်း ထားသလိုပါပဲ။ Search box မှာ လိုချင်တဲ့ အနုပညာရှင်ရဲ့ နာမည်ကို ရိုက်ထည့်လိုက်ရုံပါပဲ။ ဥပမာ မိုက်ကယ်ဂျက်ဆင် ဆိုပါတော့၊ google ကနေ အလွှာသုံးခု၊ အပိုင်းသုံးပိုင်းနဲ့ ခွဲခြားပြီး ပြသပေးပါလိမ့်မယ်။
ပထမပိုင်း (Artists) ဆိုတာကတော့ “Michael Jackson” ဆိုတာကို ရိုက်ပြီး ရှာဖွေခဲ့တဲ့အတွက် “မိုက်ကယ်” နဲ့ “ဂျက်ဆင်” မျိုးနွယ်စုတွေနဲ့ တူညီတဲ့ အမည်နာမရှိတဲ့ အနုပညာရှင်တွေကို ပြသပေးမှာ ဖြစ်ပါတယ်။
ဒုတိယ (Albums) ကတော့ မိုက်ကယ်ဂျက်ဆင် သီဆိုခဲ့တဲ့ သီချင်းခွေတွေ အယ်လ်ဘမ် cover အဖုံးတွေကို ဖော်ပြထားပြီး အဲဒီ အယ်လ်ဘမ်တွေထဲမှာ ဘယ်လို သီချင်းမျိုးတွေ ပါဝင်သလဲ ဆိုတာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။
တတိယ (songs) ကတော့ မိုက်ကယ်ဂျက်ဆင်ရဲ့ သီချင်းတွေနဲ့ တည်ရှိနေတဲ့ store တွေရဲ့ တည်နေရာနဲ့ လိပ်စာတွေကအစ ပါဝင်မှာ ဖြစ်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အဆိုတော် တစ်ယောက်ရဲ့ သီချင်းခွေတွေနဲ့ နှစ်သက်တဲ့ သီချင်းတွေကို ရှာဖွေကြည့်ဖို့အတွက် keyword ကတော့ “music:” ဖြစ်ပါတယ်။
၁၄။ google စွယ်စုံကျမ်း ဖန်တီးနိုင်ခြင်း။
၁။ firefox browser ကို ဖွင့်ပါ။
၂။ http://www.google.com ရိုက်ပါ။
၃။ Search box မှာ သိချင်တဲ့ စကားလုံး၊ ဥပမာ- ‘hacker’ ကိုရိုက်ပါ။မြင်နေရတဲ့ မြင်ကွင်းဟာ သမရိုးကျ google ရဲ့မြင်ကွင်းပါ။ ဒါကို google နဲ့ wiki တို့ ပူးပေါင်းပေးနိုင်တဲ့ add-ons တစ်ခု လောက် ပေါင်းထည့်ကြည့်ရအောင်။
၎။ tag အသစ်တစ်ခု ခေါ်ပါ။(Ctrl+T)
၅။ ရောက်လာတဲ့ next page မှာ http://add-ons.moxilla.org/firefox/2517 ဟုရိုက်ပါ။
၆။ install Now ကို click နှိပ်ပါ။ (အဲဒီ add-ons ဟာ firefox version 1.5 နှင့် အထက်အတွက် အလုပ်လုပ်နိုင်ပါတယ်။)
၇။ ပေါ်လာတဲ့ box မှာ install Now ကို Click နှိပ်ပါ။
ဂ။ အခုဆိုရင် google pedia ကို install လုပ်နေပါပြီ။
ပြီးရင် အောက်နားမှာ ရှိတဲ့ restart firefox buttom ကို click နှိပ်ပါ။ Firefox ကို restart ပြန်လုပ်ပေးပါလိမ့်မယ်။
၉။ ယခုအခါမှာ Firefox ကို အသစ်ပြန်ခေါ် နိုင်ပါပြီ။
address bar မှာ စမ်းသပ် ကြည့်ရအောင် Http://www.google.com ရိုက်ပါ။
၁၀။ Hacker ဟု search box မှာရိုက်ပါ။
၁၁။ မြင်တွေ့ရမယ့် မြင်ကွင်းဟာ ယခင်မြင်တွေ့ခဲ့ရတဲ့ မြင်ကွင်းမျိုး မဟုတ်တော့ဘဲ စကားလုံးတစ်ခုကို ရှာဖွေချင်တဲ့ အခါတိုင်းမှာ ဘေးနားကနေ google pedia တစ်ခုကနေ Frame နှစ်ခုခွဲပြီး ဖော်ပြ ပေးတာကို ပိုင်ဆိုင်ရမှာ ဖြစ်တဲ့အတွက် google ကို ဖွင့်ကြည့်နေရင်းနဲ့မှ wiki ရဲ့ တန်းဖိုးရှိတဲ့ ဖွင့်ဆိုချက်တွေကို ရရှိနိုင်ပါလိမ့်မယ်။
၁၅။ enlarge scripts ပေါင်းထည့်ခြင်း။
၁။ Firefox ကို ခေါ်ပါ။
၂။ images.google.com ဟုရိုက်ပါ။
၃။ Search box မှာ vista ဟု ရိုက်ကြည့်ပါ။
အကြီးအသေး၊ အရွယ်အစား စုံလင်တဲ့ vista စတိုင်လေးများစွာကို
တွေ့ရပါလိမ့်မယ်။ ဒါဟာ သမားရိုးကျ google image ရဲ့ မြင်ကွင်းပါ။
ကြိုးစားကြည့်ရအောင်။ ခန page တွေအားလုံးပြန်ပိတ်လိုက်ပြီး
Firefox အသစ်ပြန်ခေါ်ပါ။
၁။ http://www.grease-pot.net ဟု ရိုက်ပါ။
၂။ ညာဘက်ထောင့်မှာရှိတဲ့ download greasemonkey ကို click
နှိပ်ပြီး install လုပ်ပါ။
၃။ ပြီးရင် နောက်စာမျက်နှာမှာ http://userscript.org ကို ရိုက်ပါ။
၎။ (install လုပ်နည်းနှင့် scripts များသွင်းနည်းကို မေလထုတ်
ကွန်ပျူတာဂျာနယ် မှာ ဖော်ပြခဲ့ဖူးပါတယ်)greasemonkey ရောက်
မရောက်ကို tools>greasemonkey> မှတစ်ဆင့် ကြည့်နိုင်သလို
tool>add-ons များမှ တစ်ဆင့်လည်း ကြည့်နိုင်ပါသည်။
၅။ User script များမှာ ဝင်ခွင့်ရဖို့ အတွက်
a.sign up လုပ်ပြီး register မဖြစ်မနေ လုပ်ရပါလိမ့်မယ်။
b.ယုံကြည်စိတ်ချရတဲ့ website ဖြစ်တဲ့အတွက် gmail အပါအဝင်
standard Mail များကို အသုံးပြုလို့ ရပါတယ်။
c.မှတ်ပုံတင်ဖြည့်၊ ပုံစံသွင်းပြီဆိုလျှင် သင့် Email ထဲကို အတည်ပြု
ခိုင်းတဲ့ စာတစ်စောင်ကို userscripts ရဲ့ admin တွေဆီမှ ပို့လွှတ်
လိုက်ပါလိမ့်မည်။ click နှိပ်ပြီး confirm လုပ်ပေးပါ။
d.သို့မှသာ user scripts ကို ဝင်လို့ရပါလိမ့်မယ်။
၆။ Login form မှာ Email နှင့် password ဖြည့်သွင်းပြီး ဝင်ပါ။
၇။ ပြီးရင် search box မှာ”google enlarge” ဟု ရိုက်ထည့်ပြီး ရှာဖွေပါ။
၈။ ရလာတဲ့ အဖြေမှ install this script ကို click နှိပ်ပြီး install လုပ်ပါ။
၉။ Scripts ဟာ greasemonkey ရဲ့ scripts ဂိုဒေါင်ထဲကို ဝင်ရောက်
သွားပါလိမ့်မည်။
၁၀။ ပြီးရင် browser ကို ပိတ်ပစ်လိုက်ပါ။
၁၁။ ခဏကြာလျှင် Firefox ကို ပြန်ဖွင့်ပါ။
- http://www.google.com ရိုက်ပါ။
- Search box မှာ vista ရိုက်ပါ။
- ရလာတဲ့ scripts ရဲ့ အဖြေဟာ image လှလှလေးများကို
ရှာချင်သူတွေအတွက် တွေ့ရပါမယ်။
Search မြင်ကွင်းမှာ ရှိတဲ့ ပုံသေးသေးလေးတွေကို image size
ချဲ့ ပြီး ထပ်မံပြပေးပါတယ်။
Share:
Clash of Clan Promotion
(Zawgyi)
Clash of Clans Promotion
==============================
အတွင်းသာဖြစ်၏။
ကြပါ။
(Unicode)
Clash of Clans Promotion
==============================
ခရစ်စမတ် အထူး promotion အစီအစဉ်အဖြစ်
အရည်နှင့် ရွှေထုတ်လုပ်မှုကို gem တစ်တုံးနှင့်
ထုတ်လို့ရသော promotion ပေးထားပါသည်။
အချိန်ကာလ သတ်မှတ်ချက်ကတော့ ၂၄နာရီ
အတွင်းသာဖြစ်၏။
ထိုအပြင် donate ပေးသော promotion အစီအစဉ်လည်း ရှိသေးသည်။ မိမိ Clan အဖွဲ့
ထဲမှ သူငယ်ချင်းများကို donate ပေးလျှင်
ပေးထားသော ပမာဏ၏ ၂၀% ပြန်ပေးပါမည်။
ထိုကြောင့် ၂မိနစ် နှင့် အရည်၂၂၅၀ သုံးပြီး
ထုတ်ရသော giants တွေသာ donate လုပ်
ကြပါ။
#Togethermobile (Amarapura)
Share:
(Zawgyi)
==============================
download ယူပါ။
Viber New V_5.7.0.1892.APK
Size = 34.60MB
Download Upate Link >>http://www.mediafire.com/download/djexd38nf6rq166/Viber_V_5.7.0.1892_T.A.K%282%29.apk
(Unicode)
Viber နောက်ဆုံးဗားရှင်း V5.7.0.1892 apk
==============================
Viber ဗားရှင်းအသစ်ထပ်မံထွက်ရှိလာပါပြီ ယခုဗားရှင်းအသစ်မှာ ပုံစံအသစ်တွေနဲ့ အသုံးပြုရမှာဖြစ်ပါသည်။
အသုံးပြုလိုသူများ အောက်ပါ link မှာ
download ယူပါ။
Viber New V_5.7.0.1892.APK
Size = 34.60MB
http://www.mediafire.com/download/djexd38nf6rq166/Viber_V_5.7.0.1892_T.A.K%282%29.apk
#Togethermobile (Amarapura)
Share:
ကွန်​ပျူတာ စတိုင် file manager apk
ကွန်ပျူတာ စတိုင် file manager apk
================================
မိမိဖုန်းထဲက File Manager App ကိုအသုံးပြုရတာရိုးနေရင် Computer Style နဲ့အသုံးပြုကြည့်ပါ အစုံအသုံးပြုလို့ရသည်။ Music နဲ့ Photo တွေကို File Manager App ထဲကအတိုင်းအကုန်ကြည့်လို့ရ၏။ အခြားအချက်အလက်တွေပါ
အသုံးပြုနိုင်သည်။
" Download Link " http://www.mediafire.com/download/2lmizopitmu83ji/Computer_V_1.2.b65_T.A.K.apk
Share:
Clash of Clans V8.67.8 Apk (error solutio)
(Zawgyi)
Clash of Clan v8.67.8
___________________
http://download986.mediafire.com/qytikhmse2hg/67880evt2s3grmo/Clash+of+Clans+8.67.8%28upload+by+LK%29.apk
<Unicode>
Clash of Clan v8.67.8
___________________
Clash of Clan gamer တွေအတွက် version 8.67.3 မှာဖြစ်တဲ့ error တွေကိုရှင်းပေးထားတဲ့ update version 8.67.8 ကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ လိုအပ်မှု့ ရှိသူများ Download ရယူလိုက်ပါ။
Share:
Telenor T200M Flashtool Firmware
Telenor T200M အတွက် firmware ရှာဖွေရာ
တွင် အခက်အခဲတွေ့နေသူများအတွက်
အောက်ပါ link မှာ download ယူနိုင်ပါသည်။
Share:
Phone Bill လွှဲနည်းလေးတွေပါ
MPT
* 125 * Money * Phone Number * 00000000 # Dial
( only eLoad )
_____________________
MECtel CDMA 800M Hz
* 110 * Money * Phone Number # Dial
_____________________
Ooredoo
* 155 * Money * Phone Number # Dial >>> 1 ကိုရွေး
______________________
Telenor
* 979 # Dial >>> 2 ကိုရွေး >>> 4 ကိုရွေး
>>> Phone Number >>> Money >>> 1 ကိုရွေး
Share:
HUAWEI Firmware များ
HUAWEI G629-UL00 Firmware(Android4.4.4,EMUI 2.3,V100R001C562B104,Myanmar)
http://download-c.huawei.com/download/downloadCenter…
2015-9-29,668.63 MB
-----------------
HUAWEI Cherry-CL10 Firmware(Android4.4, EMUI3.0, V100R001CHNC92B278, Myanmar)
http://download-c.huawei.com/download/downloadCenter…
2015-8-19,1.06 GB
----------------------
HUAWEI CHC-U01 Firmware(Andriod 4.4.2,EMUI 3.0,V100R001C636B070,Southern-East Asia Region)
http://download-c.huawei.com/download/downloadCenter…
2015-8-19,1021.97 MB
------------
HUAWEI Y541-U02 Firmware(V100R001C567B109,Cambodia,Thailand,Nepal,Bangladesh,Viet Nam,Laos,Myanmar,Sri Lanka,India)
http://download-c.huawei.com/download/downloadCenter…
2015-8-17,662.23 MB
------------------
HUAWEI G620-UL01 Firmware(V100R001C428B211,Myanmar)
http://download-c.huawei.com/download/downloadCenter…
2015-8-17,509.63 MB
---------------
HUAWEI Y625-U32 Firmware(V100R001C567B105,Thailand)
http://download-c.huawei.com/download/downloadCenter…
2015-8-17,769.68 MB
---------------
HUAWEI T1-701u Client Software(Android 4.4,EMUI 3.0,V100R001C209B005)
http://download-c.huawei.com/download/downloadCenter…
2015-8-17,782.88 MB
---------------
HUAWEI H60-L04 Firmware(Android 4.4.2,EMUI 3.0,V100R001C00B390,Taiwan(China))
http://download-c.huawei.com/download/downloadCenter…
2015-8-14,1.11 GB
----------------------
HUAWEI Holly-U10 Firmware(V100R001CHSC01B051,China)
http://download-c.huawei.com/download/downloadCenter…
2015-8-14,580.69 MB
------------
HUAWEI Y635-CL00 Firmware(V100R001CHNC92B270,Myanmar)
http://download-c.huawei.com/download/downloadCenter…
2015-8-14,833.25 MB
----------
HUAWEI T1-A21L Client Software(Android 4.4,EMUI 3.0,V100R001C209B003CUSTC999D002)
http://download-c.huawei.com/download/downloadCenter…
2015-8-14,992.88 MB
-------------
HUAWEI Y221-U22 Firmware(V100R001C567B109,Southern-East Asia Region)
http://download-c.huawei.com/download/downloadCenter…
2015-8-14,550.84 MB
=============
HUAWEI Holly-U19 Firmware(Android4.4,V100R001C567B109,General)
http://download-c.huawei.com/download/downloadCenter…
2015-8-14,638.27 MB
-------------
HUAWEI MT7-L09 Firmware(Android 4.4.2,EMUI 3.0,V100R001C00B137,Southern-East Asia Region)
http://download-c.huawei.com/download/downloadCenter…
2015-8-14,1.13 GB
-----------------
HUAWEI MT7-TL10 Firmware(Android 4.4.2,EMUI 3.0,V100R001C00B120SP04,Southern-East Asia)
http://download-c.huawei.com/download/downloadCenter…
2015-8-13,1.10 GB
-----------------------------
P8 lite ALE-L21_V100R001C636B120_Firmware_Philippines_Papua New Guinea_Malaysia_Singapore_Android 5.0_EMUI 3.1_05012XGD
http://download-c.huawei.com/download/downloadCenter…
2015-6-24,1.42 GB
--------------------
Y541-U02 updatezip
http://download-c.huawei.com/download/downloadCenter…
2015-5-25,662.63 MB
--------------------------
CherryPlus-UL00 Android 4.4.2 EMUI3.0 Che2-UL00V100R001CHNC00B365
http://download-c.huawei.com/download/downloadCenter…
2015-4-3,1020.17 MB
Share:
MIUI 7 Myanmar Font Apk
အကိုင်များလာသော Mi ခေါ် Xiaomi ဖုန်းတွေ
မှာ မြန်မာ font သွင်းချင်သူများအတွက်
Font changer လေးတင်ပေးလိုက်ပါသည်။
Root access ရှိဖို့တော့ လိုအပ်ပါ၏။
Share:
ကွန်​ပျူတာ ကို မဟန်းအောင် အသုံးပြုနည်း
ကွန်ပျူတာကို မဟန်းအောင် အသုံးပြုမယ်
နေ့တိုင်း ကွန်ပျူတာ အသုံးပြုသူတိုင်း သိသင့်တယ်ထင်လို့ မျှဝေလိုက်ရပါတယ်။ တစ်ချို့ကလည်း သိပြီးသား ဖြစ်ပါတယ်။ ကွန်ပျူတာ ဟန်းနေရင် အတော်လေး အလုပ်လုပ်ရတာ အဆင်မပြေပါဘူး။
(၁) Window + R ကို တွဲပြီး နှိပ်ပါ။
(၂) ပေါ်လာတဲ့ အကွက်ထဲမှာ recent ကိုနှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၃) Window + R ကို တွဲပြီးနှိပ် တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ temp နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၄) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ prefetch နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။
(၅) Window + R ကို တွဲပြီးနှိပ် ပေါ်လာတဲ့ အကွက်ထဲမှာ %temp% နှိပ်ပါ။ ပေါ်လာတဲ့ စာတွေအားလုံးကို Ctrl + A နှိပ်ပြီး Shift + Delete တွဲနှိပ်ကာ ရှင်းပစ်လိုက်ပါ။ နေ့တိုင်းမလုပ်နိုင်ဘူးဆိုရင် တစ်ပတ်မှာ သုံးကြိမ် လေးကြိမ်လောက် လုပ်ပေးပါက စက် ဟန်းခြင်းကို သက်သာပါလိမ့်မယ်။
Share:
MEC ဖုန်းအချင်းချင်း ငွေလွှဲနိုင်ပြီ
MECTel ဖုန်းအချင်းချင်းငွေလွှဲပေးနိုင်ပါပြီ
=============================
MECTel ဖုန်းအချင်းချင်း မိမိဖုန်းဘေလ်ထဲ မှ တခြားတယောက်အား ဖုန်းဘေလ် လွှဲပေးမည်ဆိုပါက
*110* လွှဲပေးမည့်ငွေပမာဏ * လက်ခံမည့်သူဖုန်းနံပါတ် #  Call
 အားရိုက်နှိပ်ပြီး  ၅၀၀ ကျပ်မှ ၁၀ ၀၀၀ကျပ်
အထိ မိမိလွှဲလိုသည့်ပမာဏ ကို လူကြီးမင်းတို့စိတ်တိုင်းကျ လွှဲပေးနိုင်ပါပြီ။
လွှဲခနှုန်းထားမှာ တစ်ခါလွှဲ လျှင် (၁၀၀ကျပ်) နှုန်း ကျသင့်မည် ဖြစ်သည်။
အခက်အခဲ ရှိပါက နေပြည်တော်1212 call center ကိုဆက်သွယ်မေးမြန်းနိုင်ပါသည်။
Share:
Simcard အကြောင်း သိကောင်းစရာ
Simcard အကြောင်း သိကောင်းစရာ
============================
SIM ဆိုတာ မိုဘိုင်းဖုန်းတွေနဲ့ ကွန်ပျူ တာတွေလိုမျိုး စက်ပစ္စည်းတွေမှာ Subscriber တွေ အသုံးပြုနိုင်ဖို့ ID အလိုက် တိုက်ဆိုင်စစ်ဆေးတဲ့ သက်ဆိုင်ရာ key တွေနဲ့ International Mobile Subscriber Identity (IMSI) တို့ကို လုံခြုံ စွာ ထိန်းသိမ်းထားနိုင်တဲ့ Integrated Circuit တစ်ခုပဲ ဖြစ်ပါတယ်။ Subscriber Identity Module က SIM ရဲ့ အတိုကောက်ပါ။ လွယ်လွယ်ကူကူ သယ်ဆောင်နိုင်တဲ့ memory chip အမျိုးအစား ဖြစ်ပြီး GSM (Global System for Mobile Communications) network မှာ သုံးတဲ့ cell phone တွေမှာ အသုံးများပါတယ်။
SIM Card တွေကို H1, H2, H3, H4 ဆိုပြီး အမျိုးအစား လေးမျိုး ခွဲခြားထားပါတယ်။
H1 = Normal Network
H2 = Better Network , Means Strong
H3 = More Better Network , Means Stronger
H4 = Normal, Better, More Better Is Nothing In Front OF This Sim
များသောအားဖြင့်တော့ H4 SIM တွေကို အဖွဲ့အစည်းတွေနဲ့ စစ်ဘက်မှ အရေးကြီး ပုဂ္ဂိုလ်တွေအတွက် ထုတ်လုပ်လေ့ရှိပါတယ်။ မိုဘိုင်း ကုမ္ပဏီတွေဟာ User တိုင်းအတွက် H4 SIM တွေ ထုတ်ပေးလေ့ မရှိပါဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ Card တွေက bandwidth ပိုစားလို့ ဖြစ်ပါတယ်။ SIM card အရွယ်အစား အမျိုးမျိုးရှိပြီး ဖုန်းအများစုကတော့ mini-SIM ဒါမှမဟုတ် micro-SIM card တွေကို အသုံးပြုပါတယ်။ mini-SIM ရဲ့အရွယ်အစားက 25 mm x 15 mm ရှိပြီး micro-SIM ကတော့ 15 mm x 12 mm ရှိပါတယ်။ Card အရွယ်အစား အားလုံးဟာ 0.76 mm အထူ ရှိပါတယ်။ ဘယ်အရွယ်အစား Sim card မျိုးမဆို သူ့မှာ ပါဝင်တဲ့ microchip က အရွယ်အစားနဲ့ လုပ်ဆောင်ပုံ အတူတူပဲ ဖြစ်တဲ့အတွက် အရွယ်အစား သေးတဲ့ card တွေကိုလည်း (အံဝင်ဂွင်ကျသာ တပ်ဆင်ရင်) card အကြီး သုံးတဲ့ ဖုန်းတွေမှာပါ သုံးစွဲနိုင်ပါတယ်။ SIM card တွေမှာ User ရဲ့ အချက်အလက်တွေနဲ့ call log တွေ ဖုန်း အ၀င်၊ အထွက် မှတ်တမ်းတွေကို တခြားသူတွေ မသိရှိနိုင်စေမယ့် လုံခြုံရေး အစီအမံ တစ်ရပ်လည်း ပါဝင်ပါတယ်။ SIM card ကို lock ချထားနိုင်ပြီး PIN လို့ ခေါ်တဲ့ Personal Identification Number ကို သိရှိသူမှသာ SIM card ကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ SIM card ကိုသာ Lock လုပ်ထားမယ်ဆိုရင် ကိုယ့်ဖုန်းအခိုးခံရရင်တောင် PIN ကို မသိဘဲ SIM card ကို အသုံးပြုနိုင်မှာ မဟုတ်သလို (SIM card ထဲမှာရှိတဲ့) ကိုယ့်အချက်အလက်တွေကိုလည်း ရယူနိုင်မှာ မဟုတ်ပါဘူး။
Share:
Samsung Galaxy J2 ကို ကွန်ပျူတာ/ဖုန်း နှစ်မျိုးဖြင့် Root လုပ်နည်း
ကွန်ပျူတာဖြင့် Root လုပ်နည်း
-----------------------------------
1. အောက်မှာ ပေးထားသောလင့်မှ King Root ကိုဒေါင်းလော့ရယူပါ
2. ကွန်ပျူတာမှာ Install ပြုလုပ်လိုက်ပါ။
3. ဖုန်းမှာ USB debugging ကို On ပေးပြီး ဖုန်းနဲ့ကွန်ပျူတာချိတ်ဆက်လိုက်ပါ။
4. Kingo Root ကိုဖွင့်လိုက်ပါ။
5. ဖုန်းကိုကွန်ပျူတာကသိပြီဆိုရင်တော့
6. ROOT ဆိုတာကိုနှိပ်လိုက်ပါ။
7. Rooting Process တစ်ခုပြုနေတုန်း စောင့်နေလိုက်ပါ။
ဖုန်းမှာ Restart နှစ်ကြိမ်လောက်ကျနေပါလိမ့်မည်။
၈။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါသင့်ဖုန်းမှာ Root Access ရရှိနေပါလိမ့်မည်။
 http://www.kingroot.org/download/KingRootSetup_2.2.zip
King Root Apk ဖြင့် Root လုပ်နည်း
====================
1. အောက်ပာ linkမှ ပေးထားတဲ့ King Root Apk ကိုဒေါင်းလော့ရယူပါ။
2. ဖုန်းမှာ Unknown Source ကိုအမှန်ဖြစ်ပေးပြီး Install လုပ်ပါ။
3. ပြီးရင် Root Apk ကိုဖွင့်လိုက်ပါ၊ အသင့်ဖြစ်ရင် Root ဆိုတာကိုနှိပ်ပေးလိုက်ပါ။
4. Permission တောင်းလာတဲ့အခါ Yes ဆိုပြီးနှိပ်လိုက်ပါ ဖုန်းက restart ကျသွားပါလိမ့်မည်။
၅။ ပါဝါပွင့်ပြီးပြန်တက်လာတဲ့အခါ Root Access ရရှိနေပါပြီ။
http://www.kingroot.org/download/KingRoot_4.1.zip
Share:
iRoot နောက်ဆုံး version
iRoot အသစ်ထွက် exe for computer  , apk
for mobile phone
for rooting
 iRoot_1.8.5.15285_cid1005_7337ba1e.exe, Size 17.79 MB...
http://d-h.st/P8dh
---------------------------
RomasterSu_2.2.6_151020_2075.apk,
 Size 5.20 MB...
http://d-h.st/2hjQ
credit
http://www.iroot.com
Share:
Android Phone ထက် iPhone ၏ အားသာချက်(၈)ချက်
Android Phone ထက်အားသာတဲ့ IPhone ရဲ့အားသာချက် (၈)ချက်
Android Phone နဲ့ IPhone နဲ့ ၂ မျိုးထဲက ဘယ်ဖုန်းကိုဝယ်ယူရမလဲ ဆိုတာစဉ်းစားရခတ်နေသူများအတွက် IPhone ရဲ့အားသာချက်များကို ပြောပြမှာဖြစ်ပါတယ်
iphone များဟာ အကောင်းစုံ apps များကိုအစောဆုံးရရှိပါတယ်
iphone များ စမတ်ဖုန်းဈေးကွက်မှာ android ဈေးကွက်မှာ စေစုမများပေမဲ့ developer များကတော့ အကောင်းစုံး apps များကို ios အတွက်အရင်ပြုလုပ်ပေးပါကြတယ်
Android အတွက်လည်းနာမည်ကြီး apps များရှိပေမဲ့ စွမ်းဆောင်ချက်နဲ့ ဒီဇိုင်းအပိုင်းမှာ ios ကိုမမှီပါဘူး အကောင်းဆုံး apps များကို အစောဆုံးသင့်ဖုန်းမှာ အသုံးပြုချင်ရင်  ipnone ကိုရွေးချယ်ပါ
1) iphone များဟာ ပိုမိုလှပတယ်
HTC One နဲ့Hiaomi Mi Note တို့လွှဲပြီး  ခန့်ညားလှပတဲ့ android phone များစွားမရှိပါဘူး android phone အများစုဟာ ပလက်စတစ် နဲ့ပြုလုပ်ထားပြီး ဒီဇိုင်းညံ့ဖျင်းပါတယ်   ipnone ကတော့ အစောပိုင်းမျိုးဆက်တွေကတည်းက ဒီနေ့အချိန်ထိ ဒီဇိုင်းအပိုင်းမှာ android ထက်သာလွန်ပါနေပါတယ်  Apple Pay ဟာအကောင်းဆုံး မိုဘိုင်း ငွေပေးချေမူစနစ်အမြန်ဆုံးဖြစ်လာပါပြီ
Apple pay ဟာစောပိုင်း အဆင့် မှာသာရှိသေးပေမယ့် အရောင်းဆိုင် တော်တော်များများမှာ လက်ခံအသုံးပြုနေကြပါတတယ်
အသုံးပြုရလွယ်ကူတဲ့ မိုဘိုင်း ငွေပေးချေမူစနစ်ကို တီထွင်တဲ့ တခုတည်းသော ကုမ္ပဏီဟာ appl ဖြစ်ပါတယ်
ဒါ့အပြင် appl ကနာမည်ကြီး Credit Card Company များနဲ့ဘဏ်များရဲ့ ထောက်ခံမူကို ရရှိနေပါတယ်
2)iphone ကနေ သင့်အိမ်က အရာဝထ္တုများကို မကြာမှီ ထိန်းချူပ်နိုင်တော့မည်
Apple ရဲ့ စမတ်နေအိမ် ပလက်ဖောင်းဖြစ်တဲ့ Homekit ဟာ iphone ; ipad တို့ကနေ မီးချောင်းများလို သင့်အိမ်ရှိ အသုံဆောင် ပစ္စည်းများ ထိန်းချုပ်နိုင်တဲ့ ပလက်ဖောင်းဖြစ်ပါသည်
ဒီနှစ်နောက်ပိုင်းမှာတော့ Homekit နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ Gatgets များစွာထွက်ပေါ်လာမယ်လို့ မျှော်လင့်ရပါတယ်
မိဘများက ကလေးများ အသုံးပြုတဲ့ apps များကို ပိုမို ထိန်းချူပ်လာနိုင်မည်
ios 8 မှာ appl က မိသားစုဝင်တွေ ပိုင်ဆိုင်တဲ့ Device များစွာကြားထဲမှာ apps, books နဲ့အခြားအရာများကိုမျှဝေနိုင်တဲ့ Family sharing ဆိုတဲ့ စွမ်းဆောင်ချက်ကိုထည့်သွင်းပေးလိုက်ပါတယ်
family sharing နောက်ထပ်အသုံးဝင်မူက မိဘများအနေနဲ့ ကလေးများအား မသင့်တော်တဲ့ apps များကို ပိတ်ပင်ထားနိုင်တာဖြစ်ပါတယ်
iphone ရဲ့ Fringerprint sensor ကပိုကောင်းပါတယ်
Samsung နဲ့ HTC တို့က သူတို့ရဲ့ Android Phone များမျာ Fringerpdint sensor  များကိုထည့်သွင်းထားကြပေမယ့် iphone ရဲ့ TouchID sensor လောက် တိကျမူမရှိသလို အသုံးမဝင်ကြပါဘူး
လွန်ခဲ့တဲ့ နှစ် အနည်းငယ်က Apple ဟာ မိုဘိုင်း ကိရိယာ များအတွက် အကောင်းဆုံး Fringerprint sonor များကို တီထွင်တဲ့ Authentec ဆိုတဲ့ ကုမ္ပဏီ ကိုဝယ်ယူခဲ့တာဖြစ်ပါတယ်
iphone 6 ရဲ့ကင်မရာ ကိုယှန်နိုင်တဲ့ android Camera အနည်းငယ်သာရှိပါတယ်
Android phone အနည်းငယ်မှာသာ iphone 6 ကိုယှန်နိုင်တဲ့ Camera ပါရှိပါတယ်
iphone 6 ရဲ့ Camera ဟာအရည်အသွေး မြင့်မားတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်ပြီး Slow-motion နဲ့ time-lapse vedio များကိုရိုက်ကူးနိုင်တဲ့ စွမ်းဆောင်ချက်တွေ ပါရှိပါတယ်
ထွက်ပေါ်နေတဲ့ သတင်းတွေအရ နောက်ထွက်မဲ့ iphone ကင်မရာဟာ DSLR ကင်မရာ တွေကို ယှန်နိုင်အုံးမှာပါတဲ့
Softwaer ဟာ အမြဲတမ်း update ဖြစ်မည်
Google နဲ့ Appl ဟာတနှစ် ဝန်းကျင်လောက်မှာ OS Version အသစ်ကို ဖြန့်ချီလေ့ရှိပါတယ်
ဒါမေပဲ့ google က version အသစ်ဖြန့်ချီလိုက်တာနဲ့ Android phone တွေမှာရယူနိုင်ခြင်းမရှိပါဘူး
Android phone ထုပ်လုပ်သူတွေဟာ Android Os ကို သူတို့ရဲ့ Skin UI နဲ့ပေါင်းစပ် ပြုပြင်ရပါတယ်
Samsung က Touchewiz နဲ့ HTC က Sense UI တို့လို Skin UI တွေဖြစ်ပါတယ်
အဲ့ဒီအတွက် android phone ပိုင်ရှင်တွေဟာ Google က OS Version အသစ်ဖြန့်ချီ ပြီးနောက် လအနည်းငယ်ကြာမှ Version အသစ်ကိုရရှိခဲ့ကြတာပါ
ဒါတောင် စွမ်းဆောင်ရည်မြင့် ဖုန်းတွေ အတွက်သာ OS Version အသစ်ကို ဖြန့်ချီ ပေးတာဖြစ်ပါတယ်
iphone ကတော့ ကွဲပြားပါတယ်
ios version အသစ်ဖြန့်ချီ လိုက်တာနဲ့ iphone user တွေဟာ update ပြုလုပ်နိုင်ကြပါတယ်
Share:
စစမတ်ကျကျ iPhone အသုံးပြုနည်းစာအုပ်
စမတ်ကျကျ iPhone အသုံးပြုနည်း
=============================
ဆရာ နေဇာအောင်(မိုးသကြား) ရေးသားသော
စမတ်ကျကျ iPhone အသုံးပြုနည်း စာအုပ်ကို
ebook အဖြစ် မိမိဖုန်းတွင် ဖတ်လိုလျှင် အောက်ပါ
Link တွင် download ယူနိုင်ပါသည်။
32.41MB သာရှိပါသည်။
https://my.pcloud.com/publink/show?code=XZTvQHZs70TIQLukCYd7Mnyzcj66JwBsuyy
Share:
Bagan Keyboard နောက်ဆုံးထွက် version 6
Bagan keyboard နောက်ဆုံးထွက် version 6
Download link တင်ပေးလိုက်ပါသည်။
Bagan Keyboard ၏ အားသာချက်တွေ အများကြီးရှိပါသည်။ သုံးဖူးသူတွေ သိကြသော်လည်း မသုံးဖူးသေးသူများအတွက် အားသာချက်အချို့ကို ရေးသားတင်ပြလိုက်ပါ၏။ မိမိတို့ သုံးနေကျ frozen keyboard မှ
Bagan keyboard ပြောင်းသုံးလျှင် သုံးနေကြ
မဟုတ်သည့်အတွက် အခက်အခဲ ဖြစ်ပါသည်။
အားသာချက်အများအပြား ရှိသည့်အတွက်
ပြောင်းသုံးရန် တိုက်တွန်းပါသည်။
အားသာချက် အချို့ကတော့
-frozen မှာ ဗလက်ချိုက် ရိုက်လိုလျှင် နောက်
Page သို့ပြောင်းရပြီး banganမှာ ပြောင်းစရာ
မရှိပါ (ေ)နှစ်ချက်နှိပ်နဲ့ (ဗ)ရရှိသည်။
-page တစ်ဖက်သို့ ပြောင်းပြီး လိုချင်သော
အက္ခရာ ရိုက်ပြီးလျှင် မူလစာမျက်နှာ auto
ပြန်ရောက်သည်။
-ဘားတန်းပေါ်မှာ အကြံပြုချက် ပြသဖြင့်
မိမိအသုံးလိုသော စကားစုကို ယူသုံးနိုင်ခြင်း
မိမိအသုံးများသော စကားစုကို မှတ်သားနိုင်ခြင်း
-ဘားတန်းပေါ် အကြံပြုချက် ဖော်ပြသဖြင့်
မိမိမေ့နေသော အင်္ဂလိပ် မီးနင်းကို အလွယ်တကူ ရှာဖွေနိုင်ခြင်း
-ပါဠိ စကားလုံးရိုက်လျှင် အောက်အဆင့်မှာ
ရိုက်လိုလျှင်လွယ်ကူခြင်း ဥပမာ ကမ္ဘာကို
ရိုက်လိုလျှင် (မ)ရိုက်ပြီး keyboard ပေါ်မှာ
ပါသော(§) ခံပြီး (ဘ)ရိုက် လျှင် (ဘ)က
အလိုအလျောက် အောက်ရောက်သွားမည်။
-Keyboard ဒီဇိုင်း မိမိတို့ ကြိုက်သလို ပြောင်း
နိုင်ခြင်း bagan keyboard မှာပေးထားသော
Theme ဒီဇိုင်းများအပြင် မိမိတို့ပုံကို keyboard
နောက်ခံအဖြစ်သုံးနိုင်သည်။
(ဤအဆင့်ကို အသုံးပြုလိုလျှင် code ဝယ်ပြီး
မှ အသုံးပြုလို ရမည်)
-Zawgyi keyboard မှ Unicode keyboard
အဖြစ် ပြောင်းသုံးနိုင်ခြင်း
စသည့် အားသားချက်များစွာ ရှိသည်။
စမ်းသပ် အသုံးပြုလိုလျှင် အောက်ပါ Link မှ
Download ယူနိုင်သည်။
3.20MB သာ ရှိ၏။
Bagan Keyboard download link>>>
http://goo.gl/D77G10
Share:
Oppo R829 firmware
Oppo R829 firmware လိုအပ်သူများအတွက် အောက်ပါ link မှာ
Download ယူနိုင်ပါသည်။
http://www.oppothai.com/download/firmware/official/R829_11.A.09_OTA_INT_009_all_140430_wipe.zip
Share:
Xiaomi Redmi note2 Rom(firmware)
Redmi note 2 Rom ရှာ​ဖွေ​နေသူများအတွက်
အဆင်​​ပြေ​စေရန်​ တင်​​ပေးလိုက်​ပါသည်​။
Stable Rom နဲ့ Developer Rom ကို
မိမိတို့နှစ်​သက်​ရာ ​ဒေါင်းပြီး တင်​နိုင်​သည်​။
Firmware တင်​ရန်​ Mi pc suite flash the Rom ပါ download ယူနိုင်​ပါသည်​။
Stable Rom>>>
Version v6.7.11.0 LHMCNCH(MIUI6) size 783M
Developer Rom>>>
Version 5.10.22 (MIUI7) size 783M
အောက်​ပါ link မှာ မိမိ နှစ်​သက်​ရာ download ယူနိုင်​သည်​။
Share:
Clash of Clans gmail ချိန်းနည်း
အကြောင်းအမျိုးမျိုးကြောင့် မိမိ COC Account ID ရဲ့ Gmail ကို ပြောင်းပြီး တခြား Gmail အသစ်ဖြင့် ချိတ်ဆက် အသုံးပြုချင်သူများအတွက် အဆင်ပြေမဲ့ နည်းလမ်းလေးပါ။ မိမိရဲ့ လက်ရှိ ပြောင်းမဲ့ COC Account ကို ဖုန်းဖြင့် ချိတ်ဆက်ပြီး COC Game ကို ၀င်လိုက်ပါ။
အောက်တွင်ပြထားသည့်အတိုင်း COC ရဲ့ Settings ထဲသို့ဝင်ရန် Settings အား နှိပ်လိုက်ပါ။
ဒါဆိုရင် Settings ထဲရောက်ရှိသွားပါမည်။ ပြီးရင်တော့ Help and Support သို့ ၀င်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Account ဆိုင်ရာ Setting သို့သွားရန် ပြထားသည့် My Account သို့ဝင်ပါ။
ဒီအဆင့်ကတော့ Gmail နှင့်ဆိုင်သော လုပ်ဆောင်ချက်အတွက် Save your progress with Google Play ကို ရွေးချယ်လိုက်ပါ။
သင့် COC Account ID ရဲ့ Gmail ကိုပြောင်းရန် ပြထားသည့်အတိုင်း Message icon လေးကို နှိပ်လိုက်ပါ။
နောက်တစ်ဆင့်အနေဖြင့် Clash Of Clans ကို Mail Message ပို့ရန် အောက်ပါအတိုင်း Box ပေါ်လာပါမည်။
ကျွန်တော်ရိုက်ထားသလို့မျိုး ရိုက်ပြီး အောက်က COC ID Gmail ထည့်ပြီး Send ခလုပ်ကို နှိပ်ပေးရပါမည်။
Message ပို့ပြီး တစ်ရက်၊ နှစ်ရက်လောက် စောင့်လိုက်ပါ။ ပြထားသည့်အတိုင်း Clash of Clans ရဲ့ Help And Support မှ စာပြန်ပို့သော Notification ပြနေပါလိမ့်မည်။
ထို Setting ထဲဝင်လိုက်ပြီး အောက်တွင် ပြထားသည့် Help And Support သို့ဝင်ပါ။
အောက်တွင်တွေ့ရသည့်အတိုင်း Clash Of Clans ရဲ့ Help and Support မှ သင့်ကို ပို့ပေးထားသော Message ကို တွေ့ရပါမည်။
ကဲ ကျွန်တော်ပြထားတဲ့ Clash of Clans ရဲ့ မေးခွန်းတွေပါတဲ့ စာသားများကို လိုက်ရှာလိုက်ပါ။
မေးထားတဲ့ မေးခွန်းတွေကတော့
(၁) ဒီအကောင့်ကို ဘယ်အချိန်မှာ စပြီး ကစားတာလဲ?
(၂) ဒီအကောင့်ကို ဘယ်နေရာ (ဘယ်မြို့)မှာ ပြုလုပ်ခဲ့တာလဲ?
(၃) ဒီအကောင့်ကို ၀င်ရောက် အသုံးပြုခဲ့သည့် Device သို့ Devices များကဘာလဲ?
ဒီမေးခွန်းတွေကို ဖြေဖို့ဆိုရင်တော့ မေးခွန်း (၁)အတွက် ဒီအကောင့် COC ကို သင့်စပြီး ကစားခဲ့တဲ့ ရက်စွဲကို အနီးစပ်ဆုံး ဖြေပေးရပါမည်။ အနည်းဆုံးတော့ လ နှင့် နှစ် မှန်ရန်လိုအပ်ပါသည်။
မေးခွန်း (၂) အတွက် စပြီးကစားခဲ့တဲ့ မြို့အမည်ပါ။ သင်က ရန်ကုန်မှာ ကစားခဲ့တယ်ဆိုရင်တော့ Rangoon ပေါ့။ မန္တလေးမှာ ဆိုရင်တော့ Mandalay ပေါ့။
မေးခွန်း (၃) အတွက်ကတော့ သင့် ဒီအကောင့်ကို ၀င်ရောက်ကစားခဲ့သော ဖုန်းတစ်လုံးဆိုလျှင် တစ်လုံး၊ တစ်လုံးထပ်မက အများကြီးမှာ ကစားခဲ့ရင် အားလုံး ထည့်ရေးဖို့လိုအပ်ပါသည်။ ဥပမာ Huawei C8813, Acer Z210, Samsung Galaxy Grand Duos အစရှိသည်ဖြင့် အတိအကျ Model No ကိုပါ ရေးသားပေးပြီး Send ကို နှိပ်လိုက်ပါ။ နောက်ထပ် တစ်ရက်လောက်နေရင် Clash Of Clans မှ ထပ်ပြီး Message ပို့ပေးပါလိမ့်မည်။ သင်ဖြေဆိုမှု အောင်မြင်ရင်တော့ သင့်ရဲ့ အကောင့်ကို လက်ရှိ ID Gmail မှ အောက်ပါအတိုင်း Disconnected ဖြစ်သွားပါလိမ့်မည်။
ကဲ အဲဒါဆိုရင်တော့ သင့်စိတ်ကြိုက် မချိတ်ဆက်ထားရသေးသော Gmail Account တစ်ခုခုဖြင့် ချိတ်ဆက်ဖို့ Disconnected ကို နှိပ်ပြီး ချိတ်ဆက်နိုင်ပါပြီ။
Share: