Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

Android Firmware တင်နည်းများ




Android Firmware တင်နည်းများ
=========================
ကျွန်တော်တို့ အွန်လိုင်းပေါ်မှာ Firmware များဒေါင်းပြီးလျင် မည့်သည့် Tool နှင့် မည်သို့တင်ရမည်ဆိုတာ မသိတာများနေတယ်ဗျ ခုကျွန်တော်ပြောပြပေးမှာက Firmware တင်နည်းအစုံ နှင့် Firmware တင်ရင်လိုအပ်သော Driver များကိုပြောပြပေးမှာပါခင်ဗျာ

အွန်းလိုင်းပေါ်မှာ Firmware ဒေါင်းပြီးလျင် ဖိုင်ကိုဖြည်ကြည့်ပါ File Type လေးတွေကြောင်းအောက်မှာ ပုံနှင့်တစ်ကွ ရှင်းပြထားပါတယ်ခင်ဗျာ

(Question - 1)

Question: update.app

Answer :1. 2G SD Card ထဲကို dload Folder ဆောက်ပြီး
2. update.app File လေးကိုထည့်ပေးလိုက်ပါပြီးလျင်
3. Vol -/ Vol+/ power Key ကိုနိုပ်ပါ
4. Firmware တင်နေတာလေးတွေရပါလိမ့်မည်
=======================================================================
(Question - 2)

Question: update.zip

Answer :1. 2G SD Card ထဲကို dload Folder (or) imge Folder ဆောက်ပါ
2. update.zip File လေးကို dload or imge Folder ထဲထည့်ပေးလိုက်ပါ
3. Vol +/ Power နှင့် Recovery Mode ၀င်ပါ
4. Install Update From sdacard ကိုရွေးပေးလိုက်ပါ
5. Firmware တင်နေတာလေးတွေ့ရပါလိမ့်မည်
=======================================================================
(Question - 3)

Question: update.bin

Answer :1. 2G SD Card ထဲကို ကြိုက်နှစ်ရာ နာမည်ပေးပါ
2. update.bin File လေးကို မိမိဆောက်ထားသော Folder လေးထဲထည့်ပေးလိုက်ပါ
3. Vol-/ Vol +/ Power နိုပ်ပါ
4. Firmware တင်နေတာတွေ့ရပါလိမ့်မည်
=======================================================================
(Question - 4)

Question: Firmware Folder ထဲမှာ MT65xx_Android_scatter_emmc.txt ရယ် Imge File တွေရယ်ပါခဲ့လျင်

Answer :1. အရင်ဆုံးလုပ်ရမှာက SPFlashtool ရှာပါ ပြီးလျင် MTK Driver ရှာပါ ပြီးမှ Firmware တင်ပါ
2. SP Flashtool Download https://drive.google.com/open?id=0B-f8sQeiA8ToUWpUQUNfdFhKdnc
3. Usb Driver Download https://drive.google.com/open?id=0B-f8sQeiA8TobFpqQ0c1clNLbEE
3. SPFlashTool ဖွင့်ပါ Scatter Loading မှာ Firmware File ထဲမှာပါတဲ့ MT65xx_Android_scatter_emmc.txt ခေါ်ပါ
4. Download Buttom နိုပ်ပါ
5. ဖုန်းကို Battery 3 စက္ကန့် ဖြုတ်ပြီး ပြန်တပ် ကြိုးထိုးလိုက်ပါ
6. Firmware တင်နေတာလေးတွေ့ရပါလိမ့်မယ်

=======================================================================
(Question - 5)

Question: update.pac

Answer :1. ResearchDownload.exe Tool ဒေါင်းပါ https://drive.google.com/open?id=0B9gWBjwXuwj5OERhN3VwRkVYc1E
2. SPD Driver ဒေါင်းပါ https://drive.google.com/open?id=0B9gWBjwXuwj5YkhGcDNSN002SVk
3. Reserch Download tool ကိုဖွင့်ပါ
4. ဘယ်ဘက်ဆုံးက Setting ပုံ Button ကိုနိုပ်ပြီး update.pac File ခေါ်ပါ
5. vol - (or) Vol+ ကိုနိုပ်ပြီးကြိုးထိုးပါ
6. Firmware တင်နေတာတွေ့ရပါလိမ့်မည်
========================================================================
(Question - 6)

Question: update.CPB

Answer :1. Coolpad Download Assistant Tool ဒေါင်းပါ https://drive.google.com/open?id=0B9gWBjwXuwj5OERhN3VwRkVYc1E
2. Driver https://drive.google.com/open?id=0B9gWBjwXuwj5YkhGcDNSN002SVk
2. Coolpad Download Assistant Tool ကိုဖွင့်ပြီး update.CBP file ခေါ်ပါ
3. Start ကိုနိုပ်ပါ မျည်းတန်းလေးနှစ်တန်းပြေးနေပါလိမ့်မည် အပေါ်တစ်တန်းပြည့်လျင် ဘထ္ထရီဖြုတ်ပြန်တပ် ကြိုးထိုးပါ
4. အောက်တစ်တန်းဆက်ပြေးပြီး Firmware တင်နေတာလေးတွေ့ရပါလိမ့်မည်။
========================================================================
(Question - 7)

Question: userdata.img ဖိုင်တွေအများကြီးရယ် system.img ဖိုင်တွေ raw.program File တွေ အများကြီးပါနေလျင်

Answer :1. ဒီလင့်မှာကြည့်လိုက်ပါခင်ဗျာ http://www.sithumobile.com/2015/07/coolpad-7251-firmware-firmware-download.html
========================================================================
(Question - 8)

Question: HOME.tar.md5

Answer :1. Odin.exe နှင့် Samsung Driver ကို www.sammobile.com တွင်ဒေါင်းပါ update version ရအောင်ပါ
2. Odin.exe ကိုဖွင့်ပါ AP Menu မှာ HOME.tar.md5 file ကိုခေါ်ပါ
3. Vol -/home / power ကိုနိုပ်ပါ download mode ၀င်နည်းပါ
4. download mode ၀င်သွားပြီးဆိုလျင် ကြိုးထိုးပါ
5. Odin.exe menu မှ Start ကိုနိုပ်ပါ Firmware တင်နေတာလေးတွေ့ရပါလိမ့်မည်။
==========================================================================

တစ်ခြား Firmware တင်နည်းတွေလဲရှိပါသေးတယ် နောက်များမှဆက်လက်တင်ပေးပါအုန်းမည်

password - www.sithumobile.com

If You Need Help

09 259484046

Credit to >> Si Th

Share:

VROOT Lastest Version v1.8.7.20299


VROOT Lastest version

Android ROOT TOol တွေထဲက အကောင်းဆုံးတစ်ခုဖြစ်တဲ့ VROOT Lastest v1.8.7.20299 လေးပြန်လည်မျှဝေပေးလိုက်ပါတယ်။ အမျိုးပေါင်းများစွာ ROOT ပြုလုပ်နိုင်တဲ့ဒီ ROOT TOol လေးကို Download ရယူလိုပါက အောက်ကလင့်ကနေ ၀င်ရောက်ရယူလိုက်ပါ။
http://d-h.st/9GWq

Share:

Google Apps များကို ကျွမ်းကျင်စွာ အသုံးပြုနည်းများ


“Google Apps များကို ကျွမ်းကျင်စွာ အသုံးပြုနည်းများ”

Google ဖန်တီးထားတဲ့ Apps များဟာ Play Store မှာ အကောင်းဆုံးများ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ Apps များကို သင်ကျွမ်းကျင်စွာ အသုံးပြု တတ်ရဲ့လား? သင့်ဖုန်းကို ဘယ်လောက်ပဲအသုံးပြုပြု၊ ဘယ်ကနေပဲဝယ်ဝယ် သေချာတာတစ်ခုက Google Apps များကို ထည့်သွင်းပေးထားပြီးသား ဖြစ်ပါတယ်။ သူတို့ဟာ သင့်ရဲ့ Android မှာ အရေးကြီးတဲ့နေရာကနေ ပါဝင်နေသလို အသုံးပြုသူများအတွက် မရှိမဖြစ်လိုအပ်တဲ့ စွမ်းဆောင်ချက် များစွာ ပါရှိပါတယ်။ ဒါ့အပြင်သူတို့ဟာ အသုံးပြုသူများ အကောင်းဆုံးမိုဘိုင်း အတွေ့အကြုံကို ခံစားရစေဖို့ပုံမှန် Updates များ ဖြန့်ချိပေးနေပါတယ်။
ဒါပေမယ့်လည်း ကျွန်တော်တို့ Devices များမှာ Gmail, Chrome, Photos တို့လို Apps များကို ထည့်သွင်းပေးထားပေမယ့်လည်း Android အတွက် Google က Apps ဘယ်လောက်များစွာကို တီထွင်ပေး ထားတယ်ဆိုတာကို သင်သိပါသလား? Play Store မှာရှာကြည့်ရင် Google Apps ပေါင်း ၅၀ ကျော်ရှိပြီး အများစုကို ကမ္ဘာအ၀န်းမှ Android Users သန်းပေါင်းများစွာက မသိကြပါဘူး။ အချို့ဆိုရင် Download အရေအတွက် ထောင်ဂဏန်းသာရှိ ပါတယ်။ ဒါပေမယ့် အဲဒီ Apps များမှာ အသုံးဝင်တဲ့ စွမ်းဆောင်ချက်များစွာ ရှိပါတယ်။

ဘယ်လို Android User မျိုးပဲဖြစ်ဖြစ် Google ရဲ့ Apps Suite များဟာ အလွန်ကောင်းမွန်ပါတယ်။ ဒါပေမယ့် အဲဒါတွေကို ကောင်းစွာအသုံးချတတ်ဖို့ လိုပါတယ်။ သင့်ဖုန်းမှာ အသုံးပြုဖို့ တကယ့်ကို လိုအပ်တဲ့ အဲဒီ Apps များရဲ့ အကောင်းစားစွမ်းဆောင်ချက်များကို ဖော်ပြပေးမှာဖြစ်ပါတယ်။ အဲဒီထဲက အများစုကို အသုံးပြုနေသူများတောင် သိအုံးမှာမဟုတ်ပါဘူး။ အခုဖော်ပြ မယ့် နည်းလမ်းများကိုလေ့လာရင်တော့ မကြာမီ မှာ အကျွမ်းဝင်လာမှာပါ။ နည်းလမ်းများကို ကျွမ်းကျင်စွာသုံးတတ်ပြီဆိုရင်တော့ Google Apps များ ဟာ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာသိလာမှာပါ။ အများစုအတွက် အခြား Third-Party Apps များကို တောင် အသုံးပြုဖို့မလိုတော့ပါဘူး။ သင်အတွက် အသုံးဝင်မယ့် Google Apps များကိုသာ ရွေးချယ်ရမှာပါ။

<Chrome မှာ Site Permissions များကို စီမံခန့်ခွဲခြင်း>

<၀က်ဆိုက်များမှ အန္တရာယ်ရှိတဲ့ Permissions များကို ဖယ်ရှားနည်း>

Chrome ဟာ အကောင်းဆုံးမိုဘိုင်းဘရောက်စာတစ်ခုဖြစ်ပြီး Google က လည်း အမြဲတမ်းစွမ်းရည်မြင့် မားအောင် Update လုပ်ပေးနေပါတယ်။ Android ရဲ့ လုံခြုံရေးပြဿနာတစ်ခုကြောင့် Google က မကြာမီကပဲ Update တစ်ခုဖြင့်ဝက်ဆိုက်လုံခြုံရေးကို ပိုမိုကောင်းမွန်အောင် ပြုလုပ် ပေးခဲ့ပါတယ်။ အဲဒီ စွမ်းဆောင်ချက် များထဲကတစ်ခုက ၀က်ဆိုက်များက တောင်းခံတဲ့ Permissions များကို စီမံခန့်ခွဲနိုင်ပြီး လိုအပ်ရင် Block လုပ် နိုင်ပါတယ်။ ရေရှည်မှာတော့ သင့် Device အတွက်ဝက်ဆိုက်များရဲ့ Permission အချို့ကို Block လုပ်တာဟာ အကျိုးကျေးဇူးရှိစေပါတယ်။ အဲဒီအတွက် အခုချက်ချင်းပဲ လုပ်ဆောင်ဖို့ အကြံပေးပါတယ်။

1. Settings ကို ဖွင့်ပါ။

Chrome Home Page ကိုဖွင့်ပြီးနောက်ညာဘက်ထိပ်မှ Menu Icon ကိုနှိပ် ပါ။ အဲဒီကနေ အောက် ကိုဆင်းပြီး Settings Tab ထဲသွားပါ။

2. Sites စာရင်း

Chrome ရဲ့ မူလ Settings Page ဟာ အနည်းငယ်ရှုပ်ထွေးပါတယ်။ ဒါပေမယ့် အောက်ခြေနားမှ Site Settings Tab ကိုရှာဖွင့်ပါ။ ဖွင့်ပြီးတာနဲ့ စကရင်မှာ ပြသထားတဲ့ ၀က်ဆိုက်စာရင်းမှသင်နှစ်သက်ရာကို ရွေးချယ်ပါ။

3. Permissions များကို ကြည့်ပါ။

ဝက်ဆိုက်တစ်ခုစီရဲ့ စာရင်းမှာအဲဒီဝက်ဆိုက်က လက်ရှိမှာရယူထားတဲ့ Permissions စာရင်းကဏ္ဍကို တွေ့ရမှာပါ။ အများစုကတော့ ပြဿနာ မရှိပါဘူး။ ဒါပေမယ့် သင့်ရဲ့ Phone App နဲ့ Contact List ကို ရယူမယ့် Permission လိုမျိုး သင်မယုံကြည်ရတဲ့ အရာများကို မြင်နိုင်မှာပါ။

4. Block လုပ်ဖို့ ရွေးချယ်ပါ။

သင် Block လုပ်ချင်တဲ့ Permission တစ်ခုကို တွေ့ရင် စာရင်းကနေ အဲဒါကို ရွေးချယ်ပြီး ပေါ်လာတဲ့ Block Option ကိုနှိပ်ပေးပါ။ စာရင်းမှာပြသထားတဲ့ အခြားဝက်ဆိုက်များနဲ့ Permissions များကိုလည်း ဒီနည်းအတိုင်း Block လုပ်နိုင်ပါတယ်။

<Google Apps များနဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးချဲ့ပါ>

<သင် ဂိမ်းကစားတာကို ကမ္ဘာကို ပြသပါ>

Play Games မှ Record Option အသစ်ကိုရွေးချယ်ပြီး သင်ဂိမ်းကစားတာ ကို ကမ္ဘာကိုပြသပါ။ တိုက် ရိုက်ဗီဒီယိုထုတ်လွှင့်မယ့် Resolution ကိုလည်း ရွေးချယ်နိုင်ပါပြီ။ သင့်ရဲ့အင်တာနက်လိုင်းဟာ သိပ်မကောင်း ရင် 480p Video ကို ရွေးချယ်သင့်ပါတယ်။

<Collections မှာ ပို့စ်များကို Pin လုပ်ပါ>

Google + ရဲ့ Collection စွမ်းဆောင်ချက်က သင့်ရဲ့ အနှစ်သက်ဆုံးပို့စ် များကို တစ်နေရာထဲမှာ စုစည်းထားနိုင်ပါတယ်။ ဒါပေမယ့်လည်းပို့စ်တစ်ခု ကို Pin လုပ်တဲ့အခါမှာ သင့်သူငယ်ချင်းများ နောက်တစ်ကြိမ် App ကိုဖွင့်ရင် မြင်တွေ့နိုင်ဖို့ Highlight လုပ်ထားနိုင်ပါတယ်။

<သူငယ်ချင်းများနဲ့ Playlists များ မျှဝေပါ>

Play Music မှာသင်နှစ်သက်တဲ့သီချင်းများအတွက် Playlist တစ်ခုကို ဖန်တီးပြီးတာနဲ့သူ့ရဲ့ ညာဘက်မှ Menu Icon ကိုနှိပ်
Share:

အသစ်ထွက်ရှိလာသော Facebook version 64.0.0.0.31 Apk



အသစ်ထွက်ရှိလာသော Facebook version 64.0.0.0.31 Apk
================================
နောက်ဆုံးထွက် facebook version အသစ်
64.0.0.0.31 apk နှင့် version အဟောင်း
၁၀၀ကျော်ကို အောက်ပါlink မှာ download
ယူနိုင်ပါသည်။
Share:

Android App: COC AIO Tool apk

Android App: COC AIO Tool apk
--------------------------
Android ဖုန်းနဲ့ Clash of Clan (COC) ကစားသူတွေအတွက်ပါ ။ ဒီ application လေးကိုအသုံးပြုပြီး COC မှာ myanmar font ထည့်ခြင်း ၊ myanmar language ထည့်ခြင်း ၊ ရန်သူ့စခန်းတွေထဲက Trap တွေကိုမြင်နိုင်အောင်ပြုလုပ်ပေးခြင်း စတာတွေကို ဒီ application လေးနဲ့ပြုလုပ်နိုင်မှာပါ။ ဒီ application လေးထဲက function တစ်ခုခုကိုလုပ်ပြီးရင် Reboot button ကိုနှိပ်ပြီး ဖုန်းကို restart ချပေးရပါမယ်။ COC AIO Tool လေးကိုရေးသားထားတဲ့ Developer ကတော့ ကိုစိုင်းမောင် (Five Star Mobile) ဖြစ်ပါတယ်။ COC AIO Tool apk လေးကိုအောက်က link မှာရယူပါ။
http://www.mediafire.com/download/suo3iff66i66b3g/COCAIOTool.apk
www.togethermobile.org
Share:

COC Show Traps Apk

(Zawgyi)
COC Show Traps Apk
=============================
COC ကစားစဉ် Traps& Booms များကို
Xmod မသုံးဘဲ မြင်တွေ့ရစေရန် 
Coc Show Traps Apk အသုံးပြုပြီး
ပြုလုပ်လို့ရပါပြီ။ စမ်းသပ်အသုံးပြုလိုလျှင်
အောက်ပါ link မှာ download ယူနိုင်သည်။
Root access ရှိရမည်။
1014.46KB သာရှိသည်။
Share: