Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

Apple ID ပြုလုပ်​နည်း




ဖုန်းဖြင့် Apple ID ပြုလုပ်နည်း
=================================

အရင်ဆုံး မိမိဖုန်းထဲကနေ App Store ကိုဖွင့်ပါ။

ပြီးရင်အဆင်ပြေတဲ့ Free app တစ်ခုကိုဒေါင်းလိုက်ပါ။

ထိုအခါ Apple ID တောင်းပါလိမ့်မယ်။

Create New Apple ID ကိုနှိပ်လိုက်ပါ။

ပြီးသွားရင်တော့ Store ကို U.S လို့ရွေးပေးလိုက်ပါ။

Next ကိုနှိပ် Agree ကိုနှိပ်ပြီးတော့ ဆက်သွားလိုက်ပါ။

ကိုယ့်မှာရှိတဲ့ Gmail နဲ့ password ထည့်ပါ။

Password ထည့်တဲ့နေရာမှာ အနည်းဆုံး 8 လုံးထည့်ရမှာဖြစ်ပြီးတော့ စာလုံးကြီးတစ်လုံးနှင့် ဂဏန်းတစ်လုံးပါဝင်ရမှာဖြစ်ပါတယ်။

ပြီးရင် Question နဲ့ Answer မှာ ကိုယ်မှတ်မိ လွယ်မည့် မေးခွန်းနဲ့ အဖြေကိုထည့်လိုက်ပါ။

တော်တော်လေးအရေးကြီးပါတယ်။

တကယ်လို့ မိမိ Password မေ့သွားခဲ့ရင် ပြန်ဖြေပေးရမှာဖြစ်ပါတယ်။

ပြီးတော့ မွေးနေ့ ရက် လ တွေကိုအမှန်အတိုင်း ထည့်ပါ ပြီးရင် Next ကိုနှိပ်ပြီးတော့ ဆက်သွားပါ။

ကဲ အခု Billing Information ထည့်ရမည့် နေရာကို ရောက်ပါပြီ။

ဒီအဆင့်မှာ Visa , MasterCard , Amex , None ဆိုပြီးတော့ ရှိပါတယ်။

အစတုန်းက Free app ကို Download

ဆွဲမလာမိရင်တော့ None ဆိုတာ ပေါ်မှာမဟုတ်ပါဘူး။

None ကိုရွေးပေးလိုက်ပါ။

ပြီးရင် Title မှာ Mr/Ms ရွေးပါ။

ပြီးရင် First Name နဲ့ Last Name ထည့်ပါ။

ပထမ Address နေရာမှာ 22*99 လို့ရေးထည့်ပါ။

ဒုတိယ Address ကိုမဖြည့်ပါနဲ့။

City နေရာမှာ Asd12565 လို့ရေးထည့်ပါ။

State မှာ AZ-Arizona ကိုရွေးပေးလိုက်ပါ။

ပြီးရင် Zip နေရာမှာ 85123 လို့ရေးထည့်လိုက်ပါ။

ဖုန်းနံပတ်မှာ 520 5500854 ကိုထည့်ပါ။

ပြီးသွားရင် Next ကိုနှိပ်ပါ။

ပြီးသွားရင်တော့ Verify Your Account ဆိုပြီး ကိုယ့်ရဲ့Gmail မှာ Verify လုပ်ဖို့ပြောပါလိမ့်မယ်။

Gmail app ထဲကိုဝင်ပြီး ခုဏထည့်ခဲ့တဲ့ Gmail ကို Signin လုပ်လိုက်ပါ။

အပေါ်ဆုံးမှာ Apple ကပို့ထားတဲ့ Mail တစ်စောင်ရောက်နေပါလိမ့်မယ်။

Mail ထဲကိုဝင်ပြီး Virify Now ကို နှိပ်လိုက်ပါ။

Browser ပွင့်လာရင် Gmail နဲ့ Password ကိုထည့်ပေးလိုက်ပါ။

Apple ID တစ်ခုပြုလုပ်လို့ပြီးပါပြီ။

 www.togethermobile.org 


Share:

Fastboot ROM နှင့်Recovery ROM အကြောင်း

Xiaomi firmware ကို ကနဦးအနေနဲ့ Recovery ROMနဲ့ Fastboot ROM ဆိုပီးနှစ်မျိုးအကြမ်းဖျင်း ခွဲခြားနိုင်ပါသည်။

Recovery RO
Recovery ROM ကတော့ recovery ကနေတင်တာပဲ ဖြစ်ဖြစ် ဖုန်းတွင်းရှိ updater app ကနေ တင်တာပဲ ဖြစ်ဖြစ် သဘောတရားအတူတူ လုပ်ဆောင်နိုင်ပါတယ်။

‪#‎Fastboot‬ ROM

Fastboot rom ကတော့ file format name အနေနဲ့ အခုနောက်ပိုင်းမှာ (.tgz ) နဲ့လာပါတယ် (7z)software ကိာအသုံးပြုပီးဖြည်နိုင်ပါတယ်။ဖြည်လိုက်ရက်တော့ အနည်းဆုံးမူလ file ထက် 1GB လောက်ပိုနိုင်တဲ့ file size တစ်ခုထပ်မြင်ရမှာပါ (.zip) ဖြစ်ပါတယ် အဆိုပါ zip file ကို ထပ်ဖြည်ရင်တော့ လိုအပ်တဲ့ firmware file တွေရရှိပါပြီ။

တင်နည်းကတော့ Fastboot mode ကနေ တင်ရမှာဖြစ်ပါတယ် ကွန်ပျူတာကိုအသုံးပြုပီး
Mi flash tool နဲ့တင်ရတာပါ အဓိကအသုံးပြုသူတွေကတော့ Service Techanician တွေနဲ့ End User အချို့သုံးကြပါတယ်။(နောင်အလျဉ်းသင့်သလိုဖော်ပြပေးပါဦးမယ်)

‪#‎Recovery‬ ROM မှာတော့
Stable rom နဲ့ Dev rom(beta) ဆိုပီး နှစ်မျိုးထပ်ခွဲပါတယ် (version အကုန်လုံး (.zip) file format နဲ့လာပါတယ်)
Stable
နိုင်ငံတကာကိုတင်ပို့တဲ့အလုံးများမှာတော့ Global Stable ROM ကိုထည့်သွင်းမောင်းနှင်ပီးတော့ တရုတ်ပြင်တွင်းမှာတော့ China Stable ကိုထည့်သွင်းဖြန့်ချီပါတယ်။
Stable ဆိုတဲ့အတိုင်း သုံးရတာ တည်ငြိမ်ပြီး error လုံးဝမပါသလောက်ပါပဲ update ကတော့ လနဲ့ချီပီးကြာတတ်ပါတယ် error တစ်ခုခုပါလာခဲ့ရင်တော့ မကြာခင်မှာ ချပေးတတ်ပါတယ်။
Developer ROM(beta rom)
Developer rom မှာလည်း global developer နဲ့ china developer နှစ်မျိုးထပ်ကွဲပါသေးတယ်
လူသုံးအများဆုံးကတော့ China developer ဖြစ်ပီးတော့ ဦးစားအပေးခံရဆုံးကလည်း china dev rom သာဖြစ်တဲ့အတွက် global dev rom ကတော့ မသိသလောက်ပါပဲ
dev rom (beta) ကလည်းသူ့နာမည်နဲ့လိုက်ပါတယ် developer တွေရဲ့ ကနဦးစမ်းသပ်တိုးချဲ့မှု ပြင်ဆင်မွန်းမံမှုတွေကို stable user တွေထက် ဦးစွာတွေ့ကြုံမြည်းစမ်းရမှာဖြစ်ပါတယ် developer team အနေနဲ့ စမ်းသပ် ရေးသားမှုတွေကို အပတ်စဉ် ကြာသပတေး သောကြာ(များသောအားဖြင့်)နေ့တွေမှာ ထုတ်ပေးပါတယ် file size လည်း နည်းပါတယ် အကြီးစားပြောင်းလဲမှုတွေပါလာရင်တော့ full file နီးပါးဆွဲရတတ်ပါတယ် ဘာတွေပြောင်းလဲဆန်းသစ်ထားလဲဆိုတာသိချင်ရင် Change log ကိုဖတ်ရှုလို့ရပါတယ်။ developer rom မှာ beta ကတော့ user တိုင်းလွတ်လပ်စွာ ရယူသုံးစွဲနိုင်တယ့် အပတ်စဉ် rom တစ်ခုဖြစ် ပါတယ်။ ညစဉ်အသုံးပြုရတဲ့ Team member only အသုံးပြုခွင့်ရတဲ့ alpha rom ဆိုတာ ထပ်ပီးရှိနေပါသေးတယ် (Nightly rom) လို့ခေါ်ပါတယ်။ Cyanogen mode လိုပေါ့򐐨သူကတော့ custom rom လို့အကြမ်းဖျင်းသိနိုင်ပါတယ်)
developer (beta) rom user တွေကတော့ အစမ်းသပ်ခံ နဲ့ ဝေဖန်အကဲ ဖြတ်သူ report(feedback)ပေးသူတွေပေါ့ သူတို့ထက်ဦးသူကတော့ alpha userတွေပါ error ပါလည်း ခံ အသစ်အဆန်းပါလည်းအရင်ဆုံး စံရတဲ့သူတွေပေါ့လေ
ပီးရင်တော့ beta ပေါ့
Beta သမားတွေ က ဆူညံပူညံ လုပ်ရင်(ဆိုင်းဘုတ်ကိုင်ပီးလမ်းလျောက်ရင် 😜) နောင်လာမယ့် update မှာ ပြန်ပြင်ပေးတယ်...
အားလုံးနီးပါးပြည့်စုံသွားရင်တော့
အသင့်ခူးခပ်သုံးဆောင်သူတွေက Stable user တွေပေါ့ဗျာ။

ဒီလောက်ဆိုရင်တော့ rom အမျိုးအစားနဲ့ ကွဲ ပြားပုံတွေ အနည်းငယ်သဘောပေါက်လောက်ပီထင်ပါရဲ့။😉
မှတ်ချက်(global stable rom တွေမှာ International သုံးဖြစ်လို့ gapps တွေ build in ပါဝင်ပါတယ် ယခုနောက်ပိုင်းမှာတော့ Theme fontအသုံးပြုခွင့်မပေးတော့ပေ။ နိုင်ငံတကာ or google ၏ နည်းပညာဥပဒေစံနှုန်းနှင့်မညီညွတ်သေးလို့လို့အကြမ်းဖျင်းသိရသည်။ထို့အတွက်ကြောင့် zawgyi myanmar font အသုံးပြုလိုသူများအတွက် အခက်အခဲဖြစ်လာပါတယ်။
China Stable မှာတော့ gapps(Google Service appsများ)မပါဝင်ပါ တရုတ်ပြည်တွင်းသုံးဖြစ်တဲ့အတွက် တရုတ် app များသာထည့်သွင်းပေးထားပါတယ်။)သူကတော့ Theme font အသုံးပြုခွင့်ရှိပါတယ်။

dev rom တွေမှာလည်း China rom မှာ gapps တွေမပါပါ root build in ပါသော်လည်း ယခုနောက်ပိုင်းတွင် လုံခြုံရေးအရ အလွယ်တကူမပါတော့ပေ)
ယခုဖော်ပြခဲ့တာတော့ကျွန်တော် လေ့လာမှတ်သားမိသော မှတ်စုအချို့မှတင်ပြချင်းဖြစ်ပီး ကျွမ်းကျင်သူများအနေနဲ့ဖတ်ရှုမယ်ဆိုပါက ရယ်စရာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ လိုအပ်ချက်တွေမပြည့်စုံတာတွေရှိနေရင် ဖြည့်စွတ်ပေးခဲ့ကြပါလို့လေးစားစွာပန်ကြားအပ်ပါတယ်။

 www.togethermobile.org 


Mi


Share:

Mi Cloud အကြောင်း တစေ့တစောင်း


mi cloud ဆိုတာဘာလဲလို့ မေးရင်တော့…..
မိမိသိမ်းထားချင်တဲ့ contact, sms, photo, call log, note, wlan, recoder, browser history, music, download apps Block list, Back up apps and find my device စတာတွေကို သိမ်းလို့ မှတ်ထားလို့ရတဲ့ နေရာတစ်ခုပေါ့…
အဲဒီ့ထဲမှာ သိမ်းဖို့  ဘာတွေလိုအပ်လဲ ????????
ရှင်းပါတယ်. …..
အင်တာနက် ကွန်နက်ရှင်ရယ်
မီအကောင့်ရယ်
ဒီနှစ်ခုရှိရင် သုံးလို့ရပါပီ…
နောက်တခုက find my device ကို အသုံးပြုဖို့ မိမိဖုန်းနံပတ်ကို mi acc မှာ bind လုပ်ထားရပါမယ်…
MI CLOUD
mi cloude ရဲ့ လုပ်ဆောင်ချက်တွေထဲမှာ ကျွန်တော်ကြိုက်တဲ့ အချက်လေးတွေ ရှိပါတယ်… အဲဒါတွေကတော့….
၁။ wlan…… ကိုယ့်ဖုန်းထဲကို ထည့်ထားသော wifi မှန်သမျှကို ဒါလေးသာ အွန်ထားလိုက် ဘယ်အချိန် ပြန်ဖွင့်ဖွင့် password ပြန် မတောင်းတော့ပါဘူး… factory restart ချလည်း မပျောက်ပါဘူး…(ကိုယ်တိုင်စမ်းသပ်ပီး)
၂။ backup apps ကို save လုပ်ထားလို့ရလို့ပါ…..
၃။ recorder ကို on ထားရင် မိမိသုံးတဲ့ call အားလုံးအတွက် မှတ်ထားနိုင်ပါတယ်..
၎။ Browser ကို on ထားရင် အကောင့်ပြန်ဝင်လိုက်တာနဲ့ မိမိ bookmark တွေအားလုံးကို ပြန်လည်အသုံးပြုနိုင်ပါတယ်.. ပြန်လည် အသစ်ပြုလုပ်စရာ မလိုတော့ပါဘူး…
၅။ call history နဲ့
၆။  messages တွေဟာလည်း တချို့လူတွေအတွက် အသုံးဝင်ကောင်း ၀င်နိုင်ပါလိမ့်မယ်…
ယခင်က စစချင်း အသုံးပြုသူများအတွက် mi cloud ကို 5gB ပေးပါတယ် အသုံးပြုတာ များလာရင် ထပ်တိုးပီး ပေးသွားတဲ့အတွက် စိတ်ချလက်ချသာ အကုန်လုံး ပုံအောထည့်ထားပေတော့….
ဘာမှအသုံးမပြုဘူးဆိုရင်လဲ တစ်လကို 1gb တိုးတိုးပေးလို့ အဆင်ပြေပါတယ်…..
(March 2015 policy အသစ်အရ နဂိုမူလပေးထားတဲ့ 5gb ထက် အပိုဆောင်းမပေးတော့ပါ)
FIND MY DEVICE
မိမိတို့ရဲ့ ဖုန်းလေး အထားမှားလို့ပဲ ဖြစ်ဖြစ်၊ သူများခိုးသွားလို့ပဲဖြစ်ဖြစ် ဘယ်နေရာကို ကိုယ့်ဖုန်းရောက်နေတယ်ဆိုတာ သိရအောင် ဒါလေးကို အသုံးပြုကြပါတယ်…. ဖုန်းအတော်များများမှာလည်း နောက်ပိုင်းမှာ ဒီစနစ်က ပါလာပီမို့ အတော်များများလည်း သိကြမယ် ထင်ပါတယ်……
ဘယ်လို set လုပ်မလဲဆိုတာ အောက်မှာ ရှင်းပြထားပါတယ်…..
mi cloud>setting>find device>on…. setting ဆိုတာ တစ်ခုက dev rom 4.11.14 ကတည်းက ပါလာပါတယ်… တခြားဗားရှင်းတွေဆို setting မပါပါ…. ပီးရင် ဖုန်းရဲ့ google location service ကို on ပေးထားရပါမယ်… pin lock သုံးရမယ်…. အဲဒါမှသာ ကွန်ပျူတာကနေi.mi.com ကို ၀င်ပီး မိမိဖုန်း တည်နေရာကို သိနိုင်မှာ ၀င်ပီး alarm ပေးတာ… lock လုပ်တာနဲ့ data all wipe လုပ်နိုင်မှာပါ… အဲဒီ့မှာ ကိုယ်ရဲ့ ဖုန်းထဲမှာ သုံးထားတဲ့ mi acc ကို ထည့်ပီး မိမိဖုန်းရဲ့ တည်နေရာကို သိနိုင်မှာပါ…. google location service ကို ထည့်သုံးရင် ဖုန်းအားကို ချွေတာတဲ့နည်းနဲ့ google acc sync မှာ location ကို device only ထားပါ အဲဒါကတော့ ဖုန်းပျောက်ရှာဖို့တခုအတွက်ပဲ location service ကိုသုံးတာမို့ ဘတ်ထရီသက်သာတာပေါ့……
ကိုယ်က ဖုန်းနဲ့ နီးတဲ့နေ၇ာကိုေ၇ာက်လာပီဆို၇င် alarm ဖွင့်လိုက်ပါ… ဒါဆို ကိုယ့်ဖုန်းအသံ ကိုယ်ကြား၇ပါပီ…….
lock ကတော့ သူက ကိုယ့်ဖုန်းကို pin lock ချလို့၇တယ်… ဒီအဆင့်ကို သုံးဖို့ ကိုယ့်ဖုန်းက နဂိုကထဲက pin lock သုံးနေပီသား ဖြစ်၇မယ်…… တခြားလူက pin lock မသိတော့ ဖုန်းထဲ ၀င်သုံးလို့ မ၇…. wipe ကတော့ လုံးဝလက်လွှတ်ဆုံးရှုံးပီလို့ ယူဆမယ်ဆို၇င်တော့ ကိုယ့်ဖုန်းထဲမှာ သိမ်းထားသမျှကို ဖျက်တာပါ…. external sd card ကိုတော့ ဖျက်မပေးပါဘူး 🙂 ….. ဒီလောက်ဆို သုံးလို့၇ပီ ထင်ပါတယ် ဗျ…….. အားလုံးကို သုံးဖို့ တခုလဲ လိုသေးတယ် ပျောက်သွားတဲ့ဖုန်းက အင်တာနက်ရှိနေဖို့… အဲဒါမှ ကိုယ့်ဖုန်းကို control လုပ်လို့ ၇မှာပါ…. အဆင်ပြေပါစေ…
Credit:miuimyanmar.net
Share:

Mi Flash Toolအသုံးပြုပြီး Fastboot ROMတင်နည်း

Miရဲ့ qualcomm chipဖုန်းတွေကို fastboot romပြန်တင်ချင်ရင်ဖြင့် အောက်ပါနည်းလမ်းများဖြင့် လုပ်ဆောင်နိုင်ပါတယ်။
၁. ပထမဦးဆုံး Fastboot rom လိုပါအပ်လို့ ဆိုင်ရာဆိုင်ရာ fastboot romကို အောက်ကလင့်တွေမှာ ဒေါင်းရပါမယ်။
http://en.miui.com/a-232.html
၂. အကုန်ဒေါင်းပြီးရင် tgz archive fileကိုဖြည်ရပါမယ်။ ဒီနေရာမှာ zip fileတော်တော်များများဖြည်လို့ရပြီး freeရတဲ့ 7-zip softwareလေးကို ညွှန်းချင်ပါတယ်။ PCအတွက် 7-zip softwareလေးကို ဒီကယူလိုက်ပါ။ http://www.7-zip.org/download.html
ကိုယ့်ဆီမှာ ရှိပြီးသား archive ဖြည်နိုင်တဲ့ softwareက tgzကို ဖြည်နိုင်ရင်တော့ 7-zip မလိုပါဘူး။
၃. 7-zip install လုပ်ပြီးပြီဆို right clickထောက်ပြီး ‘Extract Here’ ကိုရွေးရပါမယ်။ ( file nameက romပေါ်မူတည်ပြီးကွဲပြားပါလိမ့်မယ်။ )
Fastboot1
၎. ဖြည်ပြီးရင် Folderတခုထွက်လာပါလိမ့်မယ်။ အဲ့ဒီ့ folderထဲကမှ နောက်ထပ် tar archive fileတွေ့ပါလိမ့်မယ်။ ( file nameက romပေါ်မူတည်ပြီးကွဲပါလိမ့်မယ်။ )
Fastboot2
Fastboot3
၅. Tar archive fileကို 7-zipကိုသုံးပြီး အောက်ပါပြထားတဲ့ပုံထဲကအတိုင်း ထပ်ဖြည်လိုက်ပါ။
Fastboot4
၆. ရလာတဲ့  နောက်ဆုံးfolderကို copyကူးပြီး C: drive အောက်ထဲထားရပါမယ်။ Folder nameမှာ spaceမပါရပါဘူး။ fileလမ်းကြောင်းက တိုတိုနဲ့ spaceမပါ special characterတွေမပါရင် errorမတက်ပါဘူး။ ဒီနေရာမှာ အများစုက desktopပေါ်ထားတာ လမ်းကြောင်းရှည်နေတာ spaceတွေပါနေတာကြောင့် errorတက်ကြပါတယ်။
Fastboot5
Fastboot6
၇. နောက်ပြီး rom flashဖို့ mi flash toolလိုတဲ့အတွက် သူ့ကို installလုပ်ရပါမယ်။ လိုတဲ့ exeကို ဒီလင့်ကနေဒေါင်းယူလိုက်ပါ။
၈. mi flash toolကို installလုပ်ရပါမယ်။ သူ့ကို ထည့်ဖို့က exeကို C: Driveအောက်ထဲမှာထားပြီးတော့ win 7,8 တွေမှာ ‘Run as administrator’နဲ့ installလုပ်ရင်ပိုကောင်းပါတယ်။
Fastboot7
၉. Install ပြီးရင်တော့ Window 7,8မှာ ‘Run as administrator’နဲ့ MiFlashကိုဖွင့်ရပါမယ်။ ဒါနဲ့မဖွင့်ရင်လည်း rom flashတဲ့အချိန် error messageပြပါတယ်။
Fastboot8
၁၀. Romလဲအဆင်သင့် MiFlashလဲအဆင်သင့် ဖြစ်ပြီမို့ ဖုန်းကို fastboot modeပြောင်းရပါမယ်။ မပြောင်းခင် ဖုန်းကို PCကသိဖို့တော့လိုအပ်ပါတယ်။ ဖုန်းကို PCကမသိရင်တော့ လိုအပ်တဲ့ driver installလုပ်ပေးဖို့လိုအပ်ပါတယ်( အောက်မှာ ဆရာကိုတင်ဌေးအောင်ရဲ့ adb driverထည့်နည်း သတ်သတ်ရှိပါတယ်။) ဒါ့အပြင် ဖုန်းထဲမှာလဲ MIUI versionကို ၇ချက်ဆက်တိုက်ပုတ်ပြီး  developer optionကိုဖွင့်ပေးပြီး developer optionထဲကမှ USB deuggingကို onပေးဖို့လိုအပ်ပါတယ်။ power deadနေတဲ့ဖုန်းများကတော့ တခြားနည်းလမ်းသုံးရမှာပါ။ ဖုန်းမှာ Fastboot modeပြောင်းဖို့အတွက် ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပါဝါလုံးဝကျသွားပြီဆိုရင် အသံတိုးတဲ့ခလုတ် (Volumn Down button) နဲ့ ပါဝါခလုတ် (Power button)ကို တပြိုင်နက်ထဲဖိထားလိုက်ရင် အောက်ကပြထားသလိုပေါ်လာရင် fastboot modeထဲရောက်ပါပြီ။
Fastboot9
၁၁. Fastboot modeထဲရောက်ပြီဆို usb cableနဲ့ ကွန်ပြူတာကိုချိတ်လိုက်ပါ။ ပြီးရင် MiFlashမှာ Refreshကိုနှိပ်လိုက်ရင် ဖုန်းကို ကွန်ပြူတာကသိတယ်ဆိုရင် MiFlashမှာ ဖုန်းရဲ့နံပါတ်လေးပေါ်လာပါတယ်။ mi flash toolအောက်မှာ ၃မျိုးရွေးလို့ရပါတယ်။ dataတွေ appတွေ downထားတဲ့ fileတွေအကုန်ပျက်ချင်ရင် Fash allပါ။ သိမ်းထားတာတွေကျန်ချင်ရင် Flash all except storageပါ။ dataရော သိမ်းထားတာရောမပျောက်ချင်ရင်တော့ Flash all except data and storageပါ။ ပြဿနာရှိလို့ firmwareပြန်တင်ချင်တာဆိုရင်တော့ flash allသုံးဖို့ အကြံပြုပါရစေ။
Fastboot10
၁၂. ဖုန်းလဲသိပြီဆိုရင်တော့ ခုနက romရှိတဲ့နေရာကို ညွှန်ပေးရမယ်ဆိုတော့ Browseကိုနှိပ်ပြီး ခုနက C: driveအောက်က rom folderကိုရွေးလိုက်ပါ။
Fastboot11
၁၃. ပြီးရင် ‘Flash’ ဆိုတဲ့ buttonကိုရွေးပြီး ဘားတန်းလေး အစိမ်းရောင်ပြည့်သွားတဲ့အထိစောင့်လိုက်ပါ။ 0x00000000 ပြတယ်ဆို ဘာerrorမှမရှိလို့ ဖုန်းက သူ့ဘာသာ rebootဖြစ်ပြီးတက်လာရင်တော့ အောင်မြင်စွာ fastbootကနေ flashပြီးပါပြီ။
Fastboot12
Share: