Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

Oppo R9 Series စမတ်ဖုန်းတွေ အလုံးရေ သန်း(၂၀) ရောင်းချခဲ့ရ

R9 series စမတ်ဖုန်းတွေရဲ့ ရောင်းအားဟာ အလုံးရေ သန်း(၂၀) ပြည့်မြောက်ခဲ့ပြီး အကျိုးအမြတ်များ ရရှိခဲ့ကြောင်း တရုတ်အခြေစိုက် စမတ်ဖုန်းထုတ်လုပ်ရောင်းချတဲ့ ကုမ္ပဏီ တစ်ခု ဖြစ်တဲ့ Oppo က ကြေညာလိုက်ပါတယ်။
Oppo ရဲ့ R9 series စမတ်ဖုန်းတွေထဲမှာ R9, R9 Plus, R9s နဲ့ R9s Plus တို့ ပါဝင်ပြီး R9 နဲ့ R9 Plus ကို ၂၀၁၆ ပထမ သုံးလပတ်မှာ ဖြန့်ချိ ခဲ့ ကာ R9s နဲ့ R9s Plus ကိုတော့ စတုတ္ထသုံးလပတ်မှာ ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။
Oppo ရဲ့ R9 series စမတ်ဖုန်းတွေဟာ ကင်မရာအသားပေးစမတ်ဖုန်းတွေဖြစ်ပြီး Oppo R9 နဲ့ R9 Plus မှာ f/2.0 aperture နဲ့ 16MP ရှိတဲ့ selfie ကင်မရာကိုသုံးထားပါတယ်။ R9s နဲ့ R9s Plus ကတော့ advanced version တွေဖြစ်တာနဲ့အညီ Sony IMX398 sensor ပါဝင်တဲ့ 16MP dual-pixel camera ကိုရှေ့ရော နောက်မှာပါ အသုံးပြုထားပါတယ်။
ပြီးခဲ့တဲ့ (၂၀၁၆) ဒီဇင်ဘာလအတွင်းမှာ Oppo က specs တွေ ဆင်တူတဲ့ အနီရောင် R9s ကိုတရားဝင် ဖြန့်ချိခဲ့ပြီး တရုတ်ပြည်မှာပဲ ရောင်းချခဲ့ပါတယ်။ ဒီ အနီရောင် Model ဟာ တရုတ်ပြည်တွင်းအတွက် သီးသန့် အလုံးရေ အကန့်အသတ်နဲ့ ထုတ်လုပ်တာလို့လည်းသိရပါတယ်။
Credit:digitaltimes.com.mm
Share:

*#*#64663#*#* or Testing Xiaomi Phone Hardware

Xiaomi ဖုန်းတွေမ၀ယ်ခင် ဖုန်းမှာပါတဲ့ Hardware ပိုင်းတွေ ကောင်းမွန်စွာ အလုပ်လုပ် မလုပ် စစ်ဆေးဖို့ပါ။ Dial Pad ကိုဖွင့်ပြီး *#*#64663#*#* လို့ရိုက်ပါ။ ဒါမှမဟုတ် Settings--> About Phone-->Kernel Version နေရာကို 6 ချက်ခန့် Tap လုပ်ပါ။


Hardware Test လုပ်နိုင်တာတွေ ပေါ်လာပါမယ်။ ပုံမှာ နမူနာပြထားတာက Mi Max ကပုံပါ။ ဖုန်းတစ်လုံးနဲ့တစ်လုံး ပါဝင်တဲ့ Test အရေအတွက် တူမှာတော့ မဟုတ်ပါ။


  • 1. Check Version Info ကတော့ ကိုယ့်ဖုန်းမှာပါတဲ့ IMEI, MEID, Miui Version ဘယ်လောက်တင်ထားတယ် အစရှိတဲ့ Info တွေကိုပြပေးပါတယ်။
  • 2. Sim Card ကတော့ Sim Slot 1, 2 တွေမှာ sim card ထည့်ထားမထား။ Sim card တွေသိမသိ ကို ပြပေးပါတယ်။
  • 3. Vibration ကတော့ Vibrate Test လုပ်တာပါ။ သူ့ထဲဆက်ဝင်ရင် Long Vibrate, Short Vibrate စမ်းသပ်ဖို့ ခလုပ်နှစ်ခု ပါပါတယ်။ နှိပ်ကြည့်ပြီး vibrate တုန်တာ မှန် မမှန် စမ်းသပ်နိုင်ပါတယ်။
  • 4. Main mic speaker feedback test ကတော့ ပုံမှန်လိုဖုန်းပြောသလိုကိုင်ပြီး စကားပြောရင် အောက်ဖက် mic က၀င်လာတဲ့ စကားသံကို အပေါ် speaker ကနေ ပြန်ကြားရတာပါ။ ကြည်လင်စွာ ကြားရ မကြားရ စစ်ဆေးနိုင်ပါတယ်။
  • 5. Simulation Call test က 4 နဲ့ပုံစံတူပါပဲ။
  • 6. Top mic speaker feedback test ကတော့ အပေါ်ဖက် front camera နားက speaker ကို Test လုပ်တာပါ။ အပေါ်ဖက် speaker နားမှာပြောတဲ့စကားသံကို အောက်ခြေက speaker မှာ အသံပြန်ထွက်လာရမှာပါ။
  • 7. Proximity Sensor ကို Test လုပ်တာပါ။ ဖုန်းပြောဖို့ handset ကို နားနားကပ်လိုက်ပေမယ့် screen မပိတ်ဘူး။ ဖုန်းပြောပြီးလို့ နားကနေခွာလိုက်ပေမယ့် screen ကလင်းမလားဘူး ဆိုတာတွေက သည် sensor ကောင်းကောင်းအလုပ်မလုပ်လို့ပါ။ Sensor ရှိတဲ့နေရာက ဖုန်းထိပ်ပိုင်း ရှေ့ကင်မရာ၊ Speaker တွေရှိနေတဲ့နေရာမှာပါ။ ပုံမှန်အတိုင်းအလုပ်လုပ်ရင် သည်တိုင်းထားချိန် ပထမပုံမှာကဲ့သို့ value 5 ကို ပြနေပါတယ်။ Sensor ရှိတဲ့နေရာ လက်နဲ့ကွယ်ထားလိုက်ရင် value 0 ကိုပြောင်းပါတယ်။ အဲလိုဆို ပုံမှန်အလုပ်လုပ်ပါတယ်။ အလုပ်မလုပ်ရင် Calibrate ဆိုတဲ့ Button လေးနှိပ်ပြီး ပုံမှန်အလုပ်လုပ်အောင် ပြန်လုပ်ခိုင်းလို့ရပါတယ်။ Sensor ကို ပိတ်ထား၊ ဖွင့်ထားချိန်၊ Calibrate လုပ်ချိန် ဘာ value မှ ပြောင်းလဲတာမရှိရင်တော့ Sensor ပျက်တာပေါ့။ Temper Glass တွေကပ်လို့ sensor ကို အနည်းငယ်ကွယ်ထားသလိုတွေဖြစ်နေရင်လည်း ပုံမှန်အလုပ်မလုပ်နိုင်ပါ။
  • 8. Finger Print Sensor ကောင်းစွာ အလုပ်လုပ် မလုပ် စစ်ဆေးနိုင်ပါတယ်။
  • 9. Home, Back, Menu, Vol Up, Vol Down keys တွေ ကောင်းမွန်စွာ response လုပ်မလုပ်စစ်ဆေးတာပါ။
  • 10. Notification Light (LED) ကိုစစ်ဆေးတာပါ။ Screen အလင်း အမှောင် backlight တွေ ကောင်းစွာအလုပ်လုပ် မလုပ်၊ ကင်မရာ flash ကောင်းစွာအလုပ်လုပ် မလုပ်၊ Home, Back, Menu button မီးလေးတွေ လင်းမလင်း စစ်တာပါ။ ဖုန်းတစ်လုံးနဲ့တစ်လုံး တူနိုင်မှာမဟုတ်ပါ။
  • 11. Touch Sensor ကတော့ Screen တစ်ခုလုံးပေါ် Touch အလုပ်လုပ် မလုပ် စစ်တာပါ။ ပေါ်လာတဲ့ အကွက်တွေမှာ အကုန်လိုက် ဆွဲကြည့်ပါ။ လွတ်နေတာတွေ ရှိမရှိ စစ်ပါ။
  • 12. Display က Screen မှာ RGB color တွေ သေချာပေါ်မပေါ် လိုက်စစ်နိုင်ပါတယ်။ RGB Color နောက်ခံတွေပေါ်မှာ LCD အလင်းပေါက်ကလေးတွေ ရှိနေ မရှိနေ စတာတွေ စစ်ဆေးနိုင်ပါတယ်။
  • 13. Light Sensor ကလည်း Proximity လိုပါပဲ။ ဖုန်းထိပ်မှာပါ။ လက်ညှိုးနဲ့ဖြစ်ဖြစ် ကွယ်ထားလိုက်၊ ဖွင့်ထားလိုက် လုပ်ပေးရင် value တွေပြောင်းနေရပါမယ်။ ဘာတန်ဖိုးမှ ပြောင်းမပြနိုင်ရင်တော့ sensor ပျက်ပါပြီ။
  • 14, 15, 16, 18 ကတော့ Head Phone နဲ့ပတ်သက်တာတွေစမ်းတာပါ။ Head Phone တပ်တာ ဖြုတ်တာ သိမသိ၊ Head Phone မှာပါတဲ့ button တွေနဲ့ သေချာ ချိတ်ဆက် အလုပ်လုပ် မလုပ် တွေ စမ်းသပ်နိုင်ပါတယ်။
  • 17. FM Radio ကိုစမ်းတာပါ။ ဖုန်းတိုင်းတော့ ပါမှာမဟုတ်ပါ။
  • 19, 20 Wireless နဲ့ပတ်သက်ပြီး စမ်းတာပါ။ Wifi လွှင့်ပေးထားတာတွေကို ချိတ်ဆက်မိ မမိ၊ Singnal အားဘယ်လောက်နဲ့ချိတ်နေတယ်။ WiFi Address က ဘာဆိုတာတွေ ပြနေရပါမယ်။
  • 21, 22 Wireless လိုပါပဲ။ Bluetooth နဲ့ပတ်သက်တာတွေ စမ်းတာပါ။
  • 23,24 Charger ဖြုတ်တာ တပ်တာကို detect သေချာ သိ မသိ စမ်းတာပါ။
  • 25,26 OTG stick ကို တပ်ရင် ဖြုတ်ရင် သိမသိ စမ်းသပ်တာပါ။
  • 27,28 ရှေ့ နောက် ကင်မရာတွေ စမ်းတာပါ။
  • 29, 30, 31 Accelerometer, Magnetic sensor, Gyroscope sensor တွေစမ်းတာပါ။ ဖုန်းကို ရေပြင်ညီ ထားတဲ့အပေါ်မူတည်ပြီး တန်ဖိုးတွေ ပြောင်းပြီး ပြနေရမှာပါ။ မပြောင်းပါက Calibrate လုပ်ပေးပြီး ပြန်စမ်းနိုင်ပါတယ်။ Screen Rotate နဲ့ပတ်သက်တာတွေ၊ ဓါတ်ပုံတွေကို 360 degree ရိုက်တာတွေအတွက် သည် sensor တွေက အလုပ်လုပ်ပေးတာတွေပါ။
  • 32. GPS စမ်းတာပါ။ နဲနဲလေး အချိန်ပေးရင် တွေ့နေတဲ့ GPS Sat အရေအတွက်တွေ၊ Latt, Long တွေပြပါတယ်။
  • 33. Battery အားဘယ်လောက်ရှိတယ်။ Charge လုပ်နေလား၊ Discharge လုပ်နေလားတွေပြပါတယ်။
  • 34. OTG လိုပါပဲ။ SD Card ကို သိ မသိ။ ဖတ် မဖတ် တွေစမ်းတာပါ။

Xiaomi Phone တွေဝယ်ခါနီးမှာ အထက်ပါတွေတိုင်း Hardware ပိုင်းကို စစ်ဆေးလို့ မိမိစိတ်ကြိုက် စမ်းသပ်ဝယ်ယူနိုင်ပါတယ်။ အထက်ပါအရာများဟာ Hardware ကို Test လုပ်တာတွေ။ ကောင်းစွာ အလုပ်မလုပ်ရင် Default အတိုင်းဖြစ်အောင် Calibrate (ချိန်ညှိခိုင်း) တာတွေပါ။ ကိုယ့်စိတ်တိုင်းကျ ချိန်ညှိထားတာတွေ လုပ်လို့မရပါ။
Credit:tzko-xiaomi.blogspot.com/
Share:

Flashing Fastboot ROMs with Mi Flash Tool

Fastboot ROM တွေကို Mi Flash Tool နဲ့ ကွန်ပျူတာကိုသုံးပြီး firmware ရေးသားရာမှာ အရင်ဆုံးလိုအပ်ချက်ကတော့ ကွန်ပျူတာမှာ Adb, Fastboot, Qualcomm Drivers တွေ မှန်ကန်စွာ Install လုပ်ပေးထားပြီး ဖုန်းနဲ့ကွန်ပျူတာဟာ adb mode မှာဖြစ်စေ၊ fastboot mode မှာဖြစ်စေ၊ EDL mode (9008) မှာဖြစ်စေ မှန်ကန်စွာ အလုပ်လုပ်နေဖို့ပါ။ လိုအပ်တဲ့ Driver တွေ Install တာ၊ သက်ဆိုင်ရာ mode တွေမှာ မှန်ကန်စွာ အလုပ်လုပ် မလုပ် ဆိုတာကို သည်နေရာမှာ [ PC Driver Installation for Xiaomi Phones ] လေ့လာပြီး ဦးစွာ ပြင်ဆင်ပါ။

မိမိတင်ချင်တဲ့ Fastboot ROM ကို ရှာပြီး download ပြုလုပ်တာ၊ ရလာတဲ့ Fastboot ROM file ကို Mi Flash Tool နဲ့ Firmware ရေးသားဖို့ လိုအပ်သလို ပြင်ဆင်ပေးထားရတာတွေကို သည်နေရာမှာ [ Preparation for Fastboot ROM to Flash with Mi Flash Tool ] လေ့လာပြီး ROM ကို အရင်ပြင်ဆင်ပေးထားပါ။

Drivers တွေတင်ပြီးပြီ၊ Fastboot rom ကို download ပြုလုပ်ပြီး file ဖြည်ချပြင်ဆင်ပြီးပြီ ဆိုရင်တော့ Firmware ရေးသားခြင်းစတင်နိုင်ပါပြီ။



Mi Flash Tool နဲ့ firmware ရေးရာမှာ စဉ်းစားဖို့ အချက်နှစ်ချက်ရှိပါမယ်။ အဲသည်အချက်တွေကတော့
  • မိမိဖုန်းဟာ Boot Loader Lock မပါတဲ့ model ဆိုရင်၊ Boot Loader Lock ပါသော်လည်း Boot Loader Unlock (BLU) လုပ်ပြီးပြီဆိုလျှင် ဖုန်းကို fastboot mode အနေအထားသို့ ၀င်ထားပြီး firmware ရေးနိုင်ပါတယ်။ (Qualcomm CPU, MTK CPU သုံး မည်သည့်ဖုန်းအမျိုးအစားကိုမဆို)
  • သည်လိုအနေအထားဖုန်းတွေအတွက် Mi Flash Tool ကိုတောင်မသုံးပဲ firmware ရေးတာကို သည်နေရာမှာ [ Flashing fastboot rom without using Mi Flash Tool ] လေ့လာနိုင်ပါတယ်။
  • မိမိဖုန်းဟာ Boot Loader Unlock မလုပ်ရသေးဘူးဆိုရင်တော့ ဖုန်းကို EDL (Emergency Download Mode) အနေအထားသို့ ၀င်ထားပြီး firmware ရေးနိုင်ပါတယ်။ အဲသည် mode ကို QDLoader mode, 9008 mode စသည်ဖြင့်လည်း ခေါ်ကြပါတယ်။ သည်ပုံစံကတော့ Qualcomm CPU သုံးတဲ့ဖုန်းတွေကို Boot Loader Unlock မလုပ်ရသေးချိန်မှာ Mi Flash Tool နဲ့ firmware ပြန်တင်တာပါ။
  • MTK CPU သုံးဖုန်းတွေကတော့ Boot Loader Unlock မလုပ်ရသေးခင်မှာ firmware တင်ချင်ရင် SP Flash Tool ကိုသုံးပြီး တင်ပေးရပါမယ်။ သည်နေရာမှာ [ Flashing Global ROM on Redmi Note 4 ] နမူနာအနေနဲ့ လေ့လာနိုင်ပါတယ်။

အသုံးပြုမယ့် Mi Flash Tool တွေ....
  • Mi Flash Tool - 64bit ကတော့ Windows 64bit only မှာပဲ အသုံးပြုနိုင်မှာပါ။ ကျနော် fastboot rom တွေကိုတင်တိုင်း အသုံးပြုခဲ့ပါတယ်။ အမြဲတမ်းပဲအဆင်ပြေလို့ error ကင်းခဲ့ပါတယ်။ Brick ဖြစ်သွားခဲ့တဲ့ဖုန်း တစ်လုံးမှမရှိခဲ့ဖူးပါ။ ကျနော့် personal ယူဆချက်ကလည်း Mi Phone တွေ firmware တင်ရာမှာ Windows 64bit, Mi Flash Tool 64bit သည်သာ လျှင် အသင့်တော်ဆုံးလို့ ထင်မြင်မိပါတယ်။ သည်နေရာမှာ [ Mi Flash Tool - 64bit ] download ပြုလုပ်နိုင်ပါတယ်။
  • Mi Flash Tool (Stable), Mi Flash Tool (Beta) တွေကတော့ Windows 32bit, 64bit တွေမှာ အသုံးပြုနိုင်ပါတယ်။ ကျနော်စမ်းရေးဖူးတာတွေအရတော့ Stable ထက်စာရင် Mi Flash Beta က ပိုအဆင်ပြေတယ်လို့ ထင်ပါတယ်။ သည်နေရာတွေမှာ [ Mi Flash Tool (Stable) ] [ Mi Flash Tool (Beta) ] download ပြုလုပ်နိုင်ပါတယ်။

Drivers တွေလည်း install လုပ်ပြီးပြီ။ Fastboot ROM ကိုလည်း download ပြုလုပ်ပြီးဖြည်ချပြီးပြီ။ ကိုယ်သုံးမယ့် Mi Flash Tool ကိုလည်း install ပြီးပြီဆိုရင်တော့ firmware ရေးသားဖို့ စတင်ရအောင်......။

Mi Flash Tool ကို ဖွင့်ပါ။ Fastboot ROM ကိုဖြည်ထားတဲ့ Folder ကိုရွေးပေးပါ။ Firmware folder ထိပဲရွေးရမှာပါ။ သူ့အောက်မှာရှိနေတဲ့ images folderထိရွေးပေးစရာမလိုပါ။ Firmware Folder ဟာ C:\ or D:\ တို့အောက်မှာပဲရှိနေပြီး Path လမ်းတလျှောက်မှာ Space တွေ မပါပါစေနဲ့။



ROM ကို Factory ထုတ်အတိုင်း clean ဖြစ်အောင် တင်မှာဖြစ်လို့ ကိုယ်သုံးတဲ့ Flash Tool အပေါ်မူတည်ပြီး Clean All or Flash All ကိုရွေးပေးပါ။ Default ရွေးထားပြီးတာ တွေ့ပေမယ့်လည်း သေချာအောင် circle ပေါ် Mouse တစ်ချက်တော့ နှိပ်ပေးလိုက်ပါ။ ကျန် option တွေကတော့ ကိုယ့် user data တွေချန်ပြီး ROM ကို flash တာနဲ့ firmware တင်ပြီး Boot Loader Unlock လုပ်ထားရင် lock ပြန်လုပ်လိုက်တဲ့ options တွေပါ။



Flash tool မှာပြင်ပေးရတာကတော့ Firmware folder ရွေးတာရယ်၊ Clean All or Flash All option ကိုရွေးပေးတာရယ် နှစ်ခုပါပဲ။ အခြား ဘာမှပြင်ဆင်စရာမလိုပါ။

ပြီးရင်တော့ ဖုန်းကို ဘယ် mode ၀င်ပြီး ကွန်ပျူတာနဲ့ချိတ်မယ်ဆိုတာပါပဲ။ Boot Loader Lock ဖြစ်နေပြီး Qualcomm CPU သုံးတဲ့ဖုန်းတွေကတော့ EDL (Emergency Download Mode) ကို ၀င်ပေးပြိး ချိတ်ရေးရပါမယ်။ Boot Loader Unlock မလုပ်ရသေးတဲ့ MTK CPU သုံးတဲ့ဖုန်းတွေကတော့ SP Flash Tool နဲ့ Redmi Note 4 ကို firmware ရေးတာ သည် blog ထဲမှာရှာပြီး လေ့လာပါ။ Boot Loader Unlock လုပ်ပြီးသား ဖုန်းတွေ၊ Boot Loader Lock မပါတဲ့ ဖုန်းတွေကတော့ Fastboot mode ကိုဝင်ပြီး ချိတ်ရေးရပါတယ်။ သုံးတဲ့ CPU မခွဲပါ။ ရေးလို့ရပါတယ်။ သူတို့အတွက်က Mi Flash Tool ကိုတောင်မသုံးပဲ command line ကနေလည်း firmware တင်လို့ရပါတယ်။ သည် blog ထဲမှာပဲ ရှာဖတ်ကြည့်ပါ။

EDL mode ကိုဝင်ဖို့ကတော့ Jig cable လို့ခေါ်တဲ့ Qualcomm Download mode ၀င်တဲ့ special cable လေးကို သုံးပါမယ်။ Phone hardware အပိုပစ္စည်းဆိုင်တွေမှာ ရပါတယ်။ ၃၀၀၀ ကျပ်ဝန်းကျင်သာရှိပါတယ်။ Cable တိုင်းက မကောင်းပါ။ ဆိုင်မှာသေချာ EDL mode ၀င် ရ မရ စစ်ကြည့်ပါ။ မစစ်နိုင်ပါက အပိုတစ်ချောင်းလောက်တော့ ၀ယ်ခဲ့သင့်ပါတယ်။


ဖုန်းကို power ပိတ်ပါ။ ပုံပါကြိုးမျိုးကို ကျနော်ထိုးတာအဆင်ပြေတဲ့ပုံစံကတော့ ဖုန်းဖက်ခြမ်းမှာ cable ကို အရင်ထိုးထားပါတယ်။ ဗူးနီလေးမှာပါတဲ့ button လေးကို နှိပ်ထားပါတယ်။ မလွှတ်ပါနဲ့။ ပြီးမှနောက်တစ်ဖက် ကို ကွန်ပျူတာမှာထိုးပါတယ်။ button လေးကို 5 seconds လောက်ဆက်နှိပ်ထားပြီးမှ ဗူးနီလေးက button ကိုလွှတ်လိုက်ပါတယ်။ အဲသည်အခါ ကွန်ပျူတာရဲ့ Device Manager ထဲမှာ Qualcomm QDLoder Port (9008) တစ်ခုတွေ့မှာပါ။ ဒါဆို EDL mode ရောက်ပါပြီ။ အချို့ jig cable လေးတွေကတော့ ဖုန်းဖက်မှာထိုးတဲ့ usb ခေါင်းမှာပဲ button အသေးလေးတေစ်ခုပါပါတယ်။ အဲလိုဟာမျိုးဆိုရင်တော့ ကွန်ပျူတာဖက်ခြမ်းကို ကြိုးအရင်ထိုးထား၊ ဖုန်းဖက် usb ခေါင်းခြမ်းမှာပါတဲ့ button လေးကိုဖိထားပြီး ဖုန်းမှာထိုးလိုက်ပါ။ ထုံးစံအတိုင်း 5 seconds လောက်ကြာမှ button လေးကို လွှတ်ပေးလိုက်ပါ။ ကြိုးကောင်းတယ်ဆိုရင် button လေးနှိပ်ထားပြီးကြိုးထိုးထားရင် ကွန်ပျူတာမှာ ဘာ activity မှမရှိပါ။ ဘာ noti sound မှလည်း အသံမထွက်ပါ။ button လွှတ်လိုက်မှ Device Manager မှာ QDLoader port တွေ့မှာပါ။ ကြိုးမကောင်းရင်တော့ button လေးနှိပ်ထိုးပေမယ့် ဖုန်းမှာ charging ၀င်တဲ့ပုံပေါ်လာတာ၊ ကွန်ပျူတာမှာ Unrecognized USB Device လို့ noti ပေါ်လာတာတွေ ဖြစ်တတ်ပါတယ်။


ပြီးရင်တော့ Flash Tool က Refresh Button ကို နှိပ်လိုက်ပါ။ Computer's Device Manager မှာပြနေတဲ့ Port နံပါတ်အတိုင်း Device တစ်ခုပေါ်လာမှာပါ။


အားလုံးအဆင်သင့်ဖြစ်ပြီဖြစ်လို့ Firmware ရေးရန် Flash Button ကိုသာနှိပ်ပေးလိုက်ပါ။ Firmware ရေးသွားပါလိမ့်မယ်။ ကိုယ့်ကွန်ပျူတာ speed ပေါ်မူတည်လို့ 5 minute ကနေ 15 minute ထိကြာမှာပါ။




Firmware ရေးတာပြီးရင်တော့ USB calbe ကိုဖြုတ်၊ Power ခလုပ်ကို phone vibrate တစ်ချက်တုန်လာသည်ထိ နှိပ်ထားပေးလိုက်ပါ။ ၁၀ မိနစ်ခန့်စောင့်ပြီးရင်တော့ Setup Wizard ပေါ်လာပါပြီ။

Jig cable မသုံးပဲ EDL mode ကို ၀င်တဲ့နည်းတွေကိုတော့ သည်စာနောက်ဆုံးမှာလေ့လာကြည့်ပါ။ ကျနော် လေ့လာလုပ်ဖူးတာတွေလေးမျှဝေထားခြင်းပါ။ ဖုန်း model တစ်ခုချင်းစီအတွက် ၀င်နည်းအမျိုး မျိုးကိုတော့ xiaomi forum ရဲ့ ကိုယ့်ဖုန်း Section က Tips & Tutorials တွေမှာလေ့လာနိုင်ပါတယ်။



နောက်တစ်နည်းကတော့ Boot Loader Unlock လုပ်ပြီးသားဖြစ်စေ၊ Boot Loader Lock မပါတဲ့ဖုန်းတွေကိုဖြစ်စေ Mi Flash Tool နဲ့ firmware ရေးရာမှာ Fastboot mode ကိုဝင်ပြီး ရေးနိုင်ပါတယ်။ Fastboot mode ၀င်ဖို့ ဖုန်းကို power ပိတ်လိုက်ပါ။ VOL DOWN နဲ့ POWER KEY ကို ပြိုင်တူတွဲနှိပ်ထားလိုက်ပါ။ ခဏကြာလျှင် Mi Bunny အရုပ်ကလေးပေါ်လို့ Fastboot mode ကိုရောက်ပါပြီ။


ဖုန်းဝယ်စဉ်ကပါလာတဲ့ USB Cable နဲ့ပဲ ကွန်ပျူတာနဲ့ ဆက်ပေးလိုက်ပါ။ Mi Flash Tool က Refresh Button နှိပ်ရင် fastboot device တစ်ခုပေါ်လာတာတွေ့ပါလိမ့်မယ်။


Flash Tool က Device ကိုသိပြီဆိုရင်တော့ Flash Button ကိုနှိပ်ပေးလိုက်ပါတော့...။ Firmware ရေးနေပါလိမ့်မယ်။ ကိုယ့် ကွန်ပျူတာ speed ပေါ်မူတည်လို့ 5 minute ကနေ 15 minute အထိတော့ ကြာတတ်တာပါပဲ။




Fastboot mode ကနေ firmware ရေးတာတွေကတော့ အားလုံးရေးပြိးလို့ Success ဖြစ်ချိန်မှာ ဖုန်းက Auto Reboot ဖြစ်သွားမှာပါ။ ၁၀ မိနစ်လောက်စောင့်ပေးလိုက်ရင်တော့ Setup Wizard ပေါ်လာပါပြီ။

Flash Tool နဲ့ firmware တင်ရာမှာ မိမိတင်ချင်တဲ့ China Stable, China Developer, Global Stable, Global Developer fastboot rom တွေကို တင်ချင်တာတစ်ခု download ပြုလုပ်ပြီး တန်းတင်လိုက်နိုင်ပါတယ်။ Updater App နေတင်သလို ကိုယ့်ဖုန်းက China rom ပဲ ထည့်ထားလို့ China rom ကိုပဲပြေင်းလို့ရမယ်။ Global rom ကိုပြောင်းလို့မရဘူး.. စသည်ဖြင့် ကန့်သတ်ချက်တွေ မရှိပါ။


EDL Mode ၀င်ပုံအထွေထွေ


ADB Mode မှဝင်နည်း

ဖုန်းမှာ USB Debugging ON ထားတာသေချာပါစေ။ Settings->Additional Settings->Developer Options->USB Debugging ကို ON ထားပါ။ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပါ။ ကွန်ပျူတာမှာ Command Windows ခေါ်ပြီး အောက်ပုံပါအတိုင်း command ရိုက်ပါ။ EDL mode သို့ရောက်သွားပါမယ်။ Computer's Device Manager မှာ Port စစ်ကြည့်ပါ။

Fastboot Mode မှဝင်နည်း

ADB Mode မှဝင်သော်လည်း EDL mode မ၀င်ပဲ ဖုန်း reboot သာဖြစ်သွားပါက Fastboot mode မှဝင်နိုင်ပါတယ်။ သည်တစ်ခါ fastboot ကို adb command နဲ့ဝင်တာကစပြီးပြထားပါတယ်။ ဖုန်းက Normal boot မတက်နိုင်ရင်တော့ VOL DOWN + POWER KEY ပဲ နှိပ်ဝင်ပေါ့။ ဖုန်းမှာ USB Debugging ON ထားတာသေချာပါစေ။ Settings->Additional Settings->Developer Options->USB Debugging ကို ON ထားပါ။ ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ပါ။ ကွန်ပျူတာမှာ Command Windows ခေါ်ပြီး အောက်ပုံပါအတိုင်း command ရိုက်ပါ။ EDL mode သို့ရောက်သွားပါမယ်။ Computer's Device Manager မှာ Port စစ်ကြည့်ပါ။

Redmi 3, Redmi 4 series တွေမှာ EDL ၀င်ရန်

သည်ဖုန်းတွေအတွက်ကတော့ ဖုန်းကို Power ပိတ်ပါ။ VOL UP + POWER KEY တွဲနှိပ်ပေးထားလိုက်ပါ။ Menu တွေပေါ်လာပါလိမ့်မယ်။ အဲသည်ထဲကမှDownload ဆိုတာကိုနှိပ်ပါ။ EDL mode ရောက်သွားပါမယ်။

Mi Max မှာ Keys တွေနဲ့သာ EDL mode ၀င်ရန်

Mi Max ဆိုရင် ဖုန်းမှာပါတဲ့ keys တွေနဲ့ပဲ EDL mode ၀င်လို့ရပါသေးတယ်။ ဖုန်းကို power ပိတ်ပါ။ VOL UP + VOL DOWN နှိပ်ထားပြီး POWER KEY ပါ တွဲနှိပ်ပေးထားလိုက်ပါ။ ခဏကြာလျှင် vibrate တစ်ချက်တုန်လာပါမယ်။ EDL mode ရောက်ပါပြီ။

Redmi Note 3 Pro ကို EDL ၀င်ရန်

Redmi Note 3 Pro ကို EDL mode ၀င်ဖို့ သည် file ကို download လုပ်ပါ။ ကွန်ပျူတာမှာဖြည်ထားပါ။ ဖုန်းကို power ပိတ်ပါ။ VOL DOWN + POWER KEY တူတူတွဲနှိပ်ပြီး fastboot mode ကိုဝင်ပါ။ ဖုန်းနဲ့ကွန်ပျူတာကို usb cable နဲ့ဆက်ပါ။ ဖြည်လို့ရလာတဲ့ folder ထဲက Reboot.bat ဆိုတဲ့ file ကို double click နှိပ်ပေးလိုက်ပါ။ EDL mode ရောက်ပါမယ်။

EDL for Mi 5

Mi 5 ကတော့ Boot Loader Unlock မလုပ်ရသေးရင် Jig cable နဲ့သာ EDL Mode ၀င်လို့ရပါမယ်။ BLU လုပ်ပြီးရင်တော့ Adb, Fastboot commands တွေနဲ့ EDL mode ၀င်နိုင်ပါတယ်။

Mi Flash Tool နဲ့ firmware ရေးရာမှာ Flash tool errors အမျိုးမျိုးပြနေပါက Qualcomm CPU based phones တွေအတွက် Qualcomm Flash Tool ကိုသုံးပြီး firmware ရေးနိုင်ပါမယ်။ သည်နေရာမှာလေ့လာကြည့်ပါ။ [ Flash Xiaomi Qualcomm-based phones with Qualcomm Flash Image Loader (QFIL) ]

Credit:tzko-xiaomi.blogspot.com
Share:

IPhone 8 ရဲ့ ထူးခြားချက် ၉ ချက်


အခုလာမယ့် စက်တင်ဘာ ၄ ရက်နေ့ ကနေ စက်တင်ဘာ ၁၁ ရက်နေ့ အတွင်း၊ စက်တင်ဘာ ရဲ့ ပထမလ၀က်အတွင်း မှာ Apple ကုမ္ပဏီ ရဲ့ အထင်ကရ ထုတ်ကုန်တစ်ခု ဖြစ်တဲ့ iPhone ရဲ့ ရှစ်ခုမြောက် မျိုးဆက် ထွက်ရှိလာပါမယ်။ တချို့ကတော့ ၂၀၁၇ ခုနှစ် ၊ စက်တင်ဘာလ ၁၄ ရက်နေ့ လို့ တိတိကျကျ ရည်ညွှန်းပါတယ်။
..
ရက်စွဲနဲ့ အတိအကျ သိရှိရတယ် ဆိုတာကလည်း APPLE ဟာ သူ့ထုတ်ကုန် အိုင်ဖုန်း ကို အဲဒီရက်တွေ အတွင်းမှာ အများပြည်သူရှေ့မှောက် မှာ စတင်ကြော်ငြာခဲ့လေ့ရှိတဲ့ အစဉ်အလာတစ်ခု ကြောင့် သာ ဖြစ်ပေမယ့် အခုအချိန်အထိတော့ iPhone နဲ့ ပတ်သက်တဲ့ သတင်းတွေ ဟာ Rumors – ခန့်မှန်းသတင်းတွေသာ ရှိနေသေးတာပါ။ iPhone 8 နဲ့ ပတ်သက်တဲ့ အဲဒီ Rumors သတင်းတွေကို စုစည်းပြီး စိတ်ဝင်စားဖို့ကောင်းမယ့် iPhone 8 ရဲ့ ထူးခြားချက်ကလေးတွေကို အချက်အလက်လေးတွေအဖြစ် Digital Times ပရိသတ်အတွက် တင်ပြပေးလိုက်ပါတယ်။

(၁) အိုင်ဖုန်း (၁၀) နှစ်ပြည့်
တကယ်တော့ အိုင်ဖုန်း ဟာ Apple ရဲ့ Major Plans တွေထဲက ထုတ်ကုန်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါကြောင့် အိုင်ဖုန်း ထုတ်လုပ်မယ့် ရက်ဝန်းကျင်တွေမှာ တခြား ဘယ်ထုတ်ကုန်ကိုမှ ထုတ်ဖော်ပြသခြင်း မရှိတဲ့အပြင် ထုတ်လုပ်မယ့် iPhone ကို ပံ့ပိုးထောက်ပံ့ပေးမယ့် ဆော့ဖ်ဝဲ ၊ OS update တွေကိုသာ ပေးအပ်လေ့ရှိပါတယ်။ တခြား ထုတ်ကုန်တွေကလည်း Apple ရဲ့ တခြား ထုတ်ကုန်တွေနဲ့ နှိုင်းစာရင် iPhone ကို ပိုပြီး ရွံ့လေ့ရှိပြီး အိုင်ဖုန်း ထွက်ရှိမယ့် ရက်တွေဆိုရင် အနည်းငယ် ရှောင်ပြီး ထွက်လေ့ရှိပါတယ်။
.
iPhone one လို့ ခေါ်ဆိုရမယ့် ကနဦး အိုင်ဖုန်း ကို ၂၀၀၇ခုနှစ် က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ MacRumors ရဲ့ အဆိုအရ ပစ္စည်းတစ်ခု ထွက်ရှိပြီး နောက်တစ်နှစ် ပြည့်တဲ့အချိန် ကို (၁) နှစ် တာ ကာလအဖြစ် သတ်မှတ်ခဲ့မယ် ဆိုပါက ၂၀၁၇ ခုနှစ်ဟာ အိုင်ဖုန်း အတွက် (၁၀)နှစ် ပြည့်မြောက်တဲ့ ကာလဖြစ်ပါတယ်။ အိုင်ဖုန်း ထွက်ရှိခဲ့တဲ့ နှစ်တွေ ကို တန်းစီကြည့်မယ် ဆိုရင် အခုလို ရရှိနိုင်မှာပါ ။
.
2007 – iPhone
2008 – iPhone 3G
2009 – iPhone 3GS
2010 – iPhone 4 (new design)
2011 – iPhone 4s
2012 – iPhone 5 (new design)
2013 – iPhone 5s
2014 – iPhone 6 and iPhone 6 Plus (new design)
2015 – iPhone 6s and iPhone 6s Plus
2016 – iPhone 7 and iPhone 7 Plus
2017 – iPhone 8 and iPhone 8 Plus ( coming )

Credit:digitaltimes.com.mm
Share:

ထာဝရ ရောင်းအားအကောင်းဆုံးဖုန်းစာရင်းရဲ့ နံပါတ်(၃) နေရာမှာ IPhone 6 နဲ့ 6 Plus ရပ်တည်


Wikipedia မှာ ကမ္ဘာ့ရောင်းအားအကောင်းဆုံး မိုဘိုင်းဖုန်းတွေကို စာရင်းပြုစုထားတာရှိပါတယ်။ (၁၉၉၂) ခုနှစ်ကစလို့ နှစ်အလိုက် ရောင်းအကောင်းဆုံး မိုဘိုင်းဖုန်း တွေနဲ့ မိုဘိုင်းဖုန်းတွေ စပေါ်စဉ်ကတည်းက အခုချိန်ထိ ရောင်းအားအကောင်းဆုံး ဖြစ်ခဲ့တဲ့ မိုဘိုင်းဖုန်းတွေကို တိတိကျကျ စာရင်းပြုစုထားပါတယ်။

ထာဝရရောင်းအားအကောင်းဆုံး စာရင်းရဲ့ နံပါတ်(၁) နေရာမှာ (၂၀၀၃)ခုနှစ်ကထွက်ရှိခဲ့တဲ့ Nokia 1100 ကရပ်တည်နေပြီး (၂၀၀၃) ခုနှစ်အတွင်းမှာတင် အလုံးရေ သန်း(၂၅၀) ရောင်းချခဲ့ရတာဖြစ်ပါတယ်။

နံပါတ်(၂) နေရာမှာက Nokia 1110 ရပ်တည်နေပြီး ထွက်ရှိခဲ့တဲ့ (၂၀၀၅) ခုနှစ်အတွင်းမှာတင် အလုံးရေ သန်း (၂၅၀) ရောင်းချခဲ့ရတာပါ။ သန်း (၂၅၀) ချင်းတူပေမယ့် အရေအတွက် အနည်းငယ်ကွာတဲ့အတွက် ဒုတိယ နေရာမှာ ရပ်တည်နေတာ ဖြစ်နိုင်ပါတယ်။

အရင်က နံပါတ်(၁) ကနေ (၆) နေရာအထိ Nokia Handset တွေသာ နေရာယူထားပြီး နံပါတ်(၆) နေရာက Nokia 5230 ကတောင် အလုံးရေ သန်း(၁၅၀) ရောင်းချထားရပါတယ်။
အခု (၂၀၁၆) အကုန်စစ်တမ်းကောက်ချက်တွေအပြီးမှာတော့ (၂၀၁၄) ခုနှစ် စက်တင်ဘာလ အတွင်းက ထွက်ရှိခဲ့တဲ့ iPhone 6 နဲ့ 6 plus က နံပါတ်(၃) နေရာကို ရပ်တည်လာနိုင်ခဲ့တာဖြစ်ပါတယ်။

iPhone 6 နဲ့ 6 plus က ပြိုင်တူထွက်ရှိခဲ့တာဖြစ်တဲ့အတွက် ဒီနှစ်ခုပေါင်းရဲ့ ရောင်းအားကို ပေါင်းပြီး တွက်ချက်ခဲ့တာဖြစ်ကာ (၂၀၁၄) စက်တင်ဘာကနေ (၂၀၁၆) အကုန် အတွင်းမှာ နှစ်ခုပေါင်း အလုံးရေ သန်း(၂၂၀) ရောင်းချခဲ့ရတဲ့အတွက် အခုလို နံပါတ်(၃) နေရာကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။

Nokia ဟာ မိုဘိုင်းဖုန်းလောကမှာ အချိန်အတော်ကြာ မင်းမူခဲ့ဖူးတဲ့ နန်းကျဘုရင်ဖြစ်တဲ့အတွက် အခု Android နဲ့ ထုတ်လုပ်လိုက်တဲ့ Nokia 6 အပါအဝင် ထပ်မံထွက်ရှိမယ့် စမတ်ဖုန်းတွေဟာ အရင် Nokia ရဲ့ စံချိန်တွေကို ပြန်ရနိုင်မလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်ရမှာဖြစ်ပါတယ်။

Credit:digitaltimes.com.mm
Share: