Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

APPLE ဖုန်းကြော်ငြာတွေရဲ့ နာရီက ဘာ့ကြောင့်အမြဲတမ်း 9:41 လို့ ပြနေတာလဲ

၂၀၁၀ မတိုင်ခင်က 9:42 လို့ ဖော်ပြခဲ့တာပါ။Apple လုပ်သွားသမျှကိစ္စတိုင်းမှာ အကြောင်းရင်းတစ်ခုခုတော့ ရှိနေစမြဲ ဖြစ်ပါတယ်။ အိုင်ဖုန်းတွေကို ကြော်ငြာတဲ့အခါ ဖုန်းမှာ ပြထားတဲ့ အချိန်နာရီက အစ သူ့ အဓိပ္ပါယ်နဲ့ သူ ရှိနေပါတယ်။
ဒီအချိန်သင်္ကေတကို ကြော်ငြာနဲ့ လုပ်ငန်းသုံးတီဗွီကဏ္ဍတွေအထိ ချဲ့ ထွင်ထားတာပါ။
အဲ့ဒါကတော့ ၉ နာရီ ၄၂ မိနစ်ဆိုတဲ့ သင်္ကေတပဲ ဖြစ်ပြီး စီးပွားရေးလုပ်ငန်းများ ၊ ကြော်ငြာစာရွက်များ နဲ့ Apple ရဲ့ ဝက်ဘ်ဆိုက်တွေမှာတောင် သုံးထားတာ တွေ့ ရမှာ ဖြစ်ပါတယ်။ ဒီအဓိပ္ပါယ်ကတော့ ရှင်းရှင်းလေးပါ။ စတိဗ်ဂျော့ဘ်ဟာ ပထမဆုံးအိုင်ဖုန်းကို ၂၀၀၇ ခုနှစ် မနက်ပိုင်း ၉ နာရီ ၄၂ မိနစ်မှာ
ကြေငြာခဲ့ပြီး သူ့ ရဲ့ အဖွင့်မိတ်ဆက်စကားထဲမှာ ဒီနေ့ Apple ဟာ ဖုန်းလောက ကို တစ်ခေတ်ပြောင်းတော့မယ်လို့ ဆိုခဲ့ပါတယ်။
အဲဒီလိုပြောနေချိန်မှာ သူ့ နောက်က အိုင်ဖုန်းscreen မှာ အချိန်က ၉ နာရီ ၄၂ မိနစ်လို့ ပြနေပါတယ်။ဒါ့ကြောင့် ဖုန်းကြော်ငြာတွေမှာ 9:42 လို့ ထည့်သွင်းဖော်ပြလာတာ ဖြစ်ပါတယ်။
ဒါပေမယ့်လည်း ၂၀၁၀ ရောက်ပြီး iPad ကို ပထမဆုံးထုတ်လိုက်တော့ ပြောင်းလဲသွားပါတယ်။ iPad ကို မိတ်ဆက်တဲ့ပွဲမှာ ၉နာရီ ၄၁မိနစ်လို့  ပြနေတာကြောင့် နောက်ပိုင်း အိုင်ဖုန်းတွေရဲ့ ကြော်ငြာမှာ 9:41 လို့ ပဲ ပြပါတော့တယ်။ အိုင်ဖုန်းမှ မဟုတ်ဘဲ Mac တွေမှာလည်း ဒီလိုပဲ ဖော်ပြကြော်ငြာခဲ့ပါတယ်။ တစ်ခြား iPad နဲ့ iPad Air ကြော်ငြာတွေမှာလည်း 9:41 ဆိုတဲ့ အချိန်နဲ့ ပဲ ကြော်ငြာလာပါတယ်။
အခုလို အချိန်နာရီတိကျအောင်လို့ လည်း presentation ကို မိနစ် ၄၀ ဝန်းကျင် ဖြစ်အောင် ဒီဇိုင်းချထားပါတယ်။ ဒါ့ကြောင့် အိုင်ဖုန်းရဲ့ ပုံရိပ် screen မှာ ပေါ်လာတာနဲ့ ပရိသတ်ရဲ့ လက်ပတ်နာရီမှ အချိန်နဲ့ ကွက်တိကျနေတာဖြစ်ပါတယ်။
Credit:www.lwinpyin.com
Share:

သင့်ရဲ့ Xiaomi ဖုန်း MIUI 9 တင်ဖို့ အဆင်သင့်ဖြစ်နေပြီရဲ့လား

Xiaomi ဟာ ဘတ်ဂျက်ဖုန်းတွေ ထုတ်လုပ်ရာမှာ အကောင်းဆုံးကုမ္ပဏီတစ်ခု ဖြစ်ပြီး လက်ရှိမှာ Xiaomi ရဲ့ ဖုန်းတွေကို MIUI ဗားရှင်း 8 နဲ့အထောက်အပံ့ပေးထားပါတယ်။ မကြာမှီအချိန်အတွင်းမှာ Xiaomi ကနေပြီး MIUI 9 Update ကို ထုတ်ပေးသွားမှာ ဖြစ်ပြီး Android version 7 ဖြစ်တဲ့ Nougat အပေါ် အခြေခံထားမှာ ဖြစ်ပါတယ်။ အဆိုပါ MIUI 9 Update ကိုတော့ Xiaomi ရဲ့ ဖုန်းတိုင်းရရှိမှာတော့ မဟုတ်ပါဘူး။ နောက်ပိုင်းထွက်တဲ့ ဖုန်းတိုင်းနီးပါးတော့ support ပေးသွားမှာ ဖြစ်ပြီး ဟိုးအရင်တုန်းကထွက်ရှိခဲ့တဲ့ ဖုန်းတွေကတော့ ရရှိမှာ မဟုတ်ပါဘူး။
Mi series ထဲကဆိုရင် Mi4, Mi5, Mi5s, Mi5s Plus, Mi Note 2, Mi Max နဲ့ Mi Mix တို့က update ကို ရရှိမှာဖြစ်ပြီး စိတ်မကောင်းစရာကတော့ Mi3 နဲ့ Mi Note တို့ကတော့ MIUI 9 Update ကို ရရှိမှာ မဟုတ်ပါဘူး။ ဒါကြောင့် MIUI 8 နဲ့ဘဲ ကျေနပ်လိုက်ရမှာ ဖြစ်ပါတယ်။
Redmi series ထဲကဆိုရင် Redmi Note4, Redmi Note 3, Redmi Note2, Redmi 4, Redmi 4 Prime, Redmi 4A, Redmi 3s, Redmi 3 Prime တို့ကတော့ MIUI 9 Update ကို ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Redmi Note, Redmi Note 4G, Redmi 2, Redmi 2 Prime နဲ့ Redmi 1s တို့ကတော့ update ရရှိမှာ မဟုတ်ပါဘူး။
Update ရရှိမယ့်ဖုန်းတွေ MIUI 9 ကို update လုပ်လိုက်တဲ့အခါ တစ်ချိန်ထဲမှာဘဲ Android version 7 ဖြစ်တဲ့ Nougat ဖြစ်သွားပါလိမ့်မယ်။ မကြာခင်ကာလမှာ Xiaomi မှ MIUI 9 ကို ထုတ်ပေးတော့မှာ ဖြစ်ပါတယ်။

Credit: sunthitmyanmar.com
Share: