Sale&Service (Amarapura)

Together mobile sale & service အ.ထ.က (၁) လမ်း လေးစုရပ်ကွက်ရုံးအနီး အမရပူရမြို့။............... TOGETHER MOBILE Sale&Service B.E.H.S (1) Street, near LaySu Qr Office, Amarapura. email:togethermobile.ama@gmail.com www.facebook.com/togethermobile.ama Wechat ID : togethermobile12

Together Mobile Apk Download link

website မှ တင်သမျှ မိမိဖုန်းတွင် offline ဖတ်နိုင်ရန် download ယူထားပါ။

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ပြီ

MPT/Ooredoo/Telenor simcard များ online မှ မှတ်ပုံတင်နိုင်ရန် သက်ဆိုင်ရာ link များတင်ပေးထားသည်။

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi

Mi Mix အဖြူရောင် version ကိုထပ်မံမိတ်ဆက်လိုက်တဲ့ Xiaomi အကြောင်း

Xiaomi ဟာ Mi စီးရီးရဲ့အသစ်ထွက်စမတ်ဖုန်းအဖြစ် Xiaomi Mi 6 ကို မိတ်ဆက်ပြသ

Mi 6 ၏ ပါဝင်သော အချက်အလက်များကို ဖော်ပြထားသည်

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job

နောက်ဆုံးပန်းသီးရဲ့ပဲ့ကိုင်ရှင် သို့ Steve Job အကြောင်း

Transistor အလုပ်လုပ်ပုံသဘောတရားများ

(1) Switch ခလုတ်တစ်ခုကဲ့သို့အလုပ်လုပ်ခြင်း
(A) GND ကျထားသော ခလုတ် 
အပေါင်းလမ်းကြောင်းနှင့် အနှုတ်လမ်းကြောင်းကြား
#Parallel အပြိုင်တပ်ဆင်မှုသဘောတရား
(B) GND မကျထားသော ခလုတ်
အပေါင်းလမ်းကြောင်းနှင့် သီးခြားဖြစ်ပေါ်မည့်အပေါင်း
လမ်းကြောင်းတစ်ခုကြား
#Series တန်းဆက်တပ်ဆင်မှုသဘောတရား
(2) Preset တစ်လုံးကဲ့သို့ ချိန်ညှိပြောင်းလဲနိုင်သော
သဘောတရား
Phone MTK charging control သဘောတရား
TV Tunning biasing control သဘောတရား
Regulator Output ၏ Base bias ကို အထွက်ဗို့တည်ငြိမ်အောင်
Driver မှ ထိန်းညှိပေးသော သဘောတရား
(3) Switching ဆက်တိုက်ဖွင့်ပိတ်မှု သဘောတရား
DC to DC Converter Switching
SMPS Switching
Regulated DC to Variable DC Converter
( Chopper switching )
(4) Amplifier ချဲ့စက်ကဲ့သို့ အလုပ်လုပ်ခြင်း
အော်ဒီယို ဆားကစ်များ
Signal လမ်းကြောင်းများတွင်သုံးသည်
Switch တွင် bias သည်
အပေါင်းဗို့ သို့မဟုတ် အနှုတ်ဗို့ တစ်ခုမဟုတ် တစ်ခု
Voltage bias
Switching တွင် bias သည်
အပေါင်းဗို့ နှင့် အနှုတ်ဗို့ ဆက်တိုက် တစ်လှည့်စီဖြစ်ပေါ်နေသော
ရုတ်ခြည်းပြောင်းလဲမှုဆက်တိုက်ဖြစ်စဉ်
Digital signal or Square wave bias
Logic signal bias
Preset တွင် bias သည်
ဗို့အားအနည်းမှအများ အများမှအနည်း ပြောင်းလဲပေးသွင်းမှု
Variable voltage bias
Analog Signal bias
Amplifier တွင် bias သည်
ဗို့အားအရ standby အလုပ်လုပ်နေသော
Active Region Bias
( amplifier bias ကို ဆရာနေမင်းထွန်းပြောပြမှ
အသေအချာသိခဲ့ရ )
ဒီလိုသဘောတရားလေးတွေ သိပြီဆို
စက်ပြင်ရတာ အရင်ကထက် ပျော်ဖို့ကောင်းမှာအသေအချာပဲ
LCD ဆားကစ်အကြောင်းရေးမယ့်အထဲက
အမြည်းပေးတာပါ
Switch တွေလွှမ်းမိုးထားတဲ့ LCD ဆားကစ်ပတ်လမ်း
လုပ်ဆောင်မှုသဘောတရားလေးတွေ သိချင်ကြမလားလို့
အမြည်းလာပေးတာ....
နေ၀င်းအီလက်ထရောနစ်
Credit : https://www.facebook.com/naywin.naywin.545
Share:

ပတ်လမ်းလိုက်နည်း

မ်းလိုက်ရာတွင် အဆင်ပြေချောမွေ့စေဖို့
အထောက်အကူဖြစ်စေပါသည်
သို့သော် schematic ကိုနားလည်သောအမြင်
နှင့် PCB ပေါ်က တကယ့်လက်တွေ့အမြင်သည်
ကွာခြားမှုရှိပြီး ဆားဗစ်အတွေ့အကြုံရင့်ကျက်လာမှသာလျှင်
အမြင်နှစ်ခု ထပ်တူကြနိုင်ပါလိမ့်မည်
တစ်ခါတစ်ရံမှာ printed ပေါ်က PCB ပတ်လမ်းက ကြည့်ရင် ပိုလွယ် နားလည်လွယ်သလိုဖြစ်တတ်ပြီး Schematic
အနေနဲ့ ကိုယ့်ဘာသာချဆွဲပြီးမှ နားလည်နိုင်တဲ့
အခြေအနေမျိုးလည်း ရှိတတ်ပါတယ်
Schematic နားလည်အောင်သင်ခြင်း
ဖတ်ရှုသဘောပေါက်စေခြင်းသည်
တကယ့် စက်ပြားကိုမပြင်ခင် တကယ်ပြင်နေရ
သကဲ့သို့ အစမ်းလေ့ကျင်နေကြခြင်းသဘောဖြစ်ပြီး
တကယ့်လုပ်ငန်းခွင်တွင် များစွာအကျိုးပြုစေပါသည်
PCB ပေါ်တွင် လက်တွေ့စက်ပြင်နေရပေမယ့်
အခက်အခဲဖြစ်လာသည့်အခါ ပတ်လမ်းသဘော
တရားကို မျက်စိထဲမြင်ရောင်လာအောင်ပုံဖော်ပြီး
လွယ်ကူအောင် diagram အဖြစ်ပုံဖော်စဉ်းစား
တွေးခေါ်ယူတတ်ကြပါတယ်
Diagram မလိုပဲ စက်ပြင်နေကြပေမယ့်
လိုအပ်တဲ့အခါ အာရုံမှာ diagram ဆွဲနေတတ်ကြတာ စက်ဆရာများရဲ့အကျင့်ပါပဲ
Diagram မသိ Schematic နားမလည်သော
စက်ဆရာများအဖို့ကတော့ လက်တွေ့ PCB ပေါ်
မှာ အဖြေရှာမတွေ့နိုင်တဲ့အခြေအနေသည်
သူတို့အဖို့ လမ်းဆုံးသွားပြီဖြစ်ပြီး ဆက်လက်တွေး
ခေါ်ယူဆဖို့ က စိတ်ထင်တဲ့ဟာ လဲကြည့်ဖို့လောက်ပဲ
ရှိတော့ပြီး မရေရာဘူး မသေချာဘူး ဆိုတဲ့
လေးဖြူသီချင်းပဲ ဆိုရတော့မှာဖြစ်ပါတယ်
သို့အတွက် diagram သည် စက်ပြင်ရာတွင်
များစွာအထောက်အကူပြုသော်လည်း
Diagram မရှိတဲ့ စက်မျိုး ပတ်လမ်းမျိုးကို
Diagram မရှိဘဲ ပတ်လမ်းလိုက်နည်း
ယူဆနည်းလေးများကို ပြောပြချင်ပါတယ်
အမြင်မတူတာများ ရှိရင်လည်း ဖလှယ်ချင်
သင်ယူချင်ပါတယ် စိတ်ကြိုက်ဝေဖန်အကြံပြုနိုင်ပါတယ်
#တိုက်ရိုက်ဆက်သွယ်မှုပတ်လမ်းရှာဖွေခြင်း
direct connection (or) 0 Ohm
Connection အဖြစ်ရှာဖွေခြင်း
#အရင်းမှဒီလမ်းကြောင်းဘယ်ကလာတာလဲလို့
နောက်ကြောင်းပြန်လိုက်ခြင်း
( End to Start )
စတဲ့အခြေခံနည်းတွေကို အသုံးပြုပြီး လမ်းကြောင်းလိုက်ရာမှာ အမျိုးအစား
( ၂ )မျိုး ထပ်ခွဲနိုင်ပါတယ်
(၁) ဗို့အားလမ်းကြောင်းများကို ပတ်လမ်းလိုက်ခြင်း
( ၂ ) အချက်ပြ Signal လမ်းကြောင်းများကို
ပတ်လမ်းလိုက်ခြင်း
ဒီနေရာမှာ တစ်ချို့က Signal လမ်းကြောင်းအထဲမှာ Data လမ်းကြောင်းတွေ
Control Signal လမ်းကြောင်းတွေကိုပါ
ထည့်သွင်းပြီး အတူတူမှတ်ကြပါတယ်
Data Signal များ
Control Signal များ
Logic On Off Signal Enable Signal များ
I2C BUS Memory လမ်းကြောင်းများ
သည် Voltage တစ်ခုအပေါ်အခြေခံသော
Signal များဖြစ်ပြီး ပေးသွင်းရာလမ်းကြောင်းတွင် Coupling
Capacitor များကြားခံပြီးပေးသွင်းလေ့မရှိဘဲ
တိုက်ရိုက်ပတ်လမ်းဖြင့်သာပေးသွင်းတတ်ကြသဖြင့်
လမ်းကြောင်းလိုက်သည့်အခါ
ဗို့အားလမ်းကြောင်း ပတ်လမ်းလိုက်ခြင်း ယူဆမှု
မျိုးဖြင့်သာ လိုက်ရပါမည်
GND လမ်းကြောင်း
Vcc ခေါ် အပေါင်းလမ်းကြောင်းအကွဲများ
ဥပမာ TV မှာဆို
5V 8V 24V 110V 12V စသဖြင့်
ဆိုလိုတာက ဆားကစ်အတွင်း
တပ်ဆင်အသုံးပြုထားသော Components
များသည် အပေါင်းလမ်းကြောင်းနှင့်
အနှုတ်လမ်းကြောင်းအကြားတွင် သွားလာဆက်နွယ်နေကြပြီး GND ချထားသော
အခြေအနေမျိုးရှိသလို အပေါင်းလမ်းကြောင်းတစ်ခုခုမှ ဗို့အားလျှော့ချရယူထားခြင်း
ဆက်နွယ်ထားခြင်းသဘောများရှိနေတတ်ပြီး
မိမိလိုချင်သောလမ်းကြောင်းနှင့် မှားယွင်းယူဆနိုင်ပါသည်
ဆားကစ်ထဲ ရှိသမျှအပေါင်းလမ်းကြောင်းတွေ
သိနေမှတော့ကွာ ပတ်လမ်းတောင်လိုက်နေစရာ
မလိုတော့လောက်ဘူးလို့ ပြောချင်စရာရှိမှာပါ
အဲလိုမဟုတ်ပါဘူး ကျွန်တော်ဆိုလိုတာက
Point တစ်ခုအနေနဲ့သိထားရင် ရပါပြီ
ဥပမာ CRT TV စက်ပြားထဲမှာ
Standby 5V သည် Memory Ic
သို့မဟုတ် Remote Sensor
Power On 5V သည် Tuner MB
Power On 8V သည် RGB GND 8V
ဆော့ကဒ်အစွန်တစ်စ
အပေါင်းလမ်းကြောင်းများသည် Converter
အထွက်ဒိုင်အုတ်ထိပ်
စသဖြင့် နေရာတစ်နေရာ Point တစ်ခုခုဖြင့်
လမ်းကြောင်းတစ်ခုကို သိထားရုံလောက်ပဲဖြစ်ပြီး
၎င်းလမ်းကြောင်းများ၏ ရှိသမျှဘယ်သွားတယ်
ဆိုတာမျိုးမဟုတ်ပါဘူးခင်ဗျား
ဒါ.ကြောင့် Diagram မပါဘဲ
ပတ်လမ်းလိုက်နိုင်ဖို့ နားလည်နိုင်ဖို့
စက်ပြားအတွင်းမှာရှိနေတဲ့
အနှုတ်လမ်းကြောင်း GND
Standby အပေါင်းဗို့အားလမ်းကြောင်း နဲ့
Power On အပေါင်းဗို့အားလမ်းကြောင်းတွေကိုတော့
Point တစ်ခုအနေနဲ့ ကြိုသိထားဖို့ လိုအပ်ပါလိမ့်မယ်
Switch On မှထွက်လာမယ့် Voltage
Enable Signal ရမှ ထွက်လာမယ့် Voltage
Process တစ်ခုခုက command ပေးမှ
ထွက်လာမယ့် Voltage စတာတွေကိုလည်း
Point တစ်ခုအနေနဲ့ ကြိုသိထားနိုင်ပါက
ဆရာကျကျ ပတ်လမ်းလိုက်နိုင်သူတစ်ယောက်
ဖြစ်နိုင်ပါတယ်
ဥပမာ Recording လုပ်ပြီး Mic Bias
ထွက်မထွက် စမ်းသလိုမျိုးပေါ့
Post လည်းရှည်သွားပြီမို့ တော်လောက်ပြီဗျာ
စိတ်ဝင်စားပါက ဆက်လက်ပြောပြချင်ပါတယ်
Diagram မရှိဘဲပတ်လမ်းလိုက်နည်း
ဒါမှမဟုတ်
ဆားကစ်ပြားပေါ် မီတာလမ်းလျှောက်ခြင်းပေါ့ဗျာ
နေ၀င်းအီလက်ထရောနစ်
Credit:https://www.facebook.com/naywin.naywin.545
Share:

MECTel CDMA 800 MHz ကတ်ပျောက်/ ကတ်ပျက်များ

*** “ MECTel CDMA 800 MHz ကတ်ပျောက်/ ကတ်ပျက်များ” *** ကိုဖော်ပြပါဆိုင်များတွင် ၁.၂.၂၀၁၇ ရက်နေ့မှစတင်ပြီး *** “အခမဲ့”*** ပြန်လည်လျှောက်ထားနိုင်ပါကြောင်း နှင့် အကြောင်းအမျိုးမျိုးကြောင့် သက်တမ်းလွန်သွားသော MECTel CDMA 800 MHz ဆင်းမ်ကတ်များကို ပြန်လည်အသုံးပြုလိုပါက 1212 Call Center ၊ 3456 Complaint Center ၊ ဖုန်းနံပါတ် 0931160249 သို့ဆက်သွယ်၍ သက်တမ်းတိုးမြှင့်နိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါတယ်ခင်ဗျာ။
ကတ်ပျက်/ကတ်ပျောက်လျှောက်ထား
===========================
နိုင်သောနေရာများ
==============
### ရန်ကုန်တိုင်းဒေသကြီး
၁. Starmart nine mile showroom ၊ ပြည်လမ်း၊ ၉မိုင် ၊ Ocean center ဘေး ၊ ရန်ကုန်ြမို့။ ဖုန်း-၀၉၃၃၀၀၁၂၉၈
၂. Mobile Customer Care အမှတ် ၁၂၅ ၊ ပန်းဆိုးတန်းအောက်လမ်း၊ ကြေးနန်းရုံးဘေး၊ ရန်ကုန်မြို့။ဖုန်း-၀၁၃၉၁၈၁၄
၃. သတင်းအချက်အလက်နှင့် မိုဘိုင်းဆက်သွယ်ရေးလုပ်ငန်း ၊ပြည်လမ်း၊ ၉မိုင်၊ မရမ်းကုန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း ၀၉-၃၁၁၆၀၂၄၉
၎.Global Royal Tech Co.Ltd အမှတ် (ခ/ ၁၇)၊ အခန်းအမှတ် ၀၀၁၊ ရွှေကမ္ဘာအိမ်ရာ(၁)လမ်း၊ မင်းဓမ္မလမ်း ၊ မရမ်းကုန်းမြို့နယ်။ဖုန်း ၀၉-၇၈၅၁၄၇၇၀၈
၅. တာမိုးညဲကုမ္ပဏီ Delta Plaza (မြေညီထပ်)၊ ရွှေဂုံတိုင်၊ ဗဟန်းမြို့နယ်။
၆. S-Power စ/၈ စမ်းချောင်းလမ်း ၊ ရှင်စောပုရပ်ကွက် ၊ပဒုမ္မာဘောလုံးကွင်းအနောက် စမ်းချောင်းမြို့နယ်။ ဖုန်း ၀၉-၇၉၅၀၀၃၂၁၅
၇. S-Power အမှတ် (၉၃) / ဘီ ၊ ၁၇ / ၁၈ ၊ ကျန်စစ်သားလမ်းမကြီး ၊ (၆)ရပ်ကွက် လှိုင်သာယာမြို့နယ်။ဖုန်း ၀၉-၇၉၅၀၀၃၂၁၅
၈. S-Power အမှတ် (၁၅) လှိုင်မြစ်လမ်း ၊ ပေါက်တောဝမီးပွိုင့်အနီး ၊အင်းစိန်မြို့နယ်။ ဖုန်း ၀၉-၇၃၂၁၁၄၀၈
### နေပြည်တော်တိုင်းဒေသကြီး
၁. Linn IT & Mobile Mart အမှတ် (၁၁၇)၊သပြေကုန်းတောင်ညိုလမ်း၊ နေပြည်တော်။ ဖုန်း ၀၆၇-၄၁၄၈၈၄
၂. Linn IT & Mobile Mart အမှတ် (၁၁/၇)၊ဗိုလ်ချုပ်လမ်း၊ ပျဉ်းမနား။ ဖုန်း ၀၆၇-၂၆၈၈၄
၃. Linn IT & Mobile Mart အမှတ် (၁၄/၅၈၅)၊(၄)လမ်း၊ ပေါင်းလောင်း(၁)၊ရွာကောက်ရပ်ကွက်။ ဖုန်း ၀၆၇-၂၂၈၈၄
၎. IT Spectrum ပ-၂၃၂၊မြို့မဈေးပွဲရုံတန်း၊ နေပြည်တော်။ ဖုန်း ၀၆၇-၄၂၂၈၈၄
### ကယားပြည်နယ်
၁.Technoworld Mobile အမှတ်(၁၀)၊ ကန္တာရဝတီလမ်း၊ မင်းစုရပ်၊ လွိုင်ကော်မြို့။ ဖုန်း ၀၉-၇၉၀၁၈၄၉၅၃
### တနင်္သာရီတိုင်းတိုင်းဒေသကြီး
၁.C4E Mobile အလယ်ကျွန်းရပ်၊မြိတ်မြို့။ ဖုန်း ၀၉-၄၀၁၅၂၅၅၅၃
### မန္တလေးတိုင်းဒေသကြီး
၁. TMH Office အမှတ်(၇၃)၊ ၆၁ x ၆၂ကြား၊ ၄၁လမ်း၊ မဟာမြိုင်(၂)လမ်း၊ မဟာအောင်မြေသာဇံမြို့နယ်။
### မွန်ပြည်နယ်
၁. Kyaw Mobile - အမှတ်၂၁၁၊ အောက်လမ်းမကြီး၊ ရွှေတောင်ရပ်။ ဖုန်း ၀၅၇-၂၅၄၄၆
၂. LS Technology အမှတ်၃၀၊ ပုလဲလမ်း၊ ရတနာလမ်းထောင့် ၊မရမ်းကုန်းရပ်ကွက်။ ဖုန်း ၀၉-၇၉၆၃၉၄၉၃၀
၃. ကိုမြသိမ်း မြို့မအလယ်လမ်း ၊ ကျိုက်ထိုမြို့နယ်။ ဖုန်း ၀၉-၇၇၁၄၄၂၇၇၁
### ရှမ်းပြည်နယ် (အရှေ့ပိုင်း)
၁. ဖြိုးသစ်(ကုန်စုံဆိုင်) နောင်ခမ်းရပ်ကွက်(၃)၊လေယာဉ်ကွင်းလမ်း၊ ကျိုင်းတုံမြို့နယ်။ဖုန်း ၀၉-၇၇၈၅၃၀၇၉၀၊ ၀၉-၅၂၅၂၃၀၁
၂.ရန်ရှင်း (ကုန်စုံဆိုင်) အမှတ်(၁၁)၊ ပြည်ထောင်စုလမ်း၊ ရန်ရှင်း(၂)၊ မိုင်းကိုးအုပ်စု။ ဖုန်း ၀၉-၂၆၁၀၆၁၇၁၃
၃.ပွင့် (စတိုး) အမှတ်(၁) လေယာဉ်ကွင်းလမ်း၊ ဝိန်းမရပ်ကွက်(၃)၊ ကျိုင်းတုံမြို့နယ်။ ဖုန်း၀၉-၄၉၀၃၁၀၅
၎.ဂဲနက်(စ်) ဖုန်းဆိုင် အမှတ်(၃/၄) ဗိုလ်ချုပ်လမ်း၊ မတာဟိုခမ်းရပ်ကွက်၊ တာချီလိတ်မြို့နယ်။ ဖုန်း ၀၉-၅၂၄၀၈၃၈
၅.ဒေါ်သီတာအောင် ဆေးရုံလမ်း၊ မြို့မရပ်ကွက်၊ မိုင်းတုံးမြို့။ ဖုန်း ၀၉-၄၂၈၂၂၅၄၉၁
၁. ရင်သွေးအိမ် No.(E4/E5)RC ပဒေသာဈေး၊ ဟင်္သာတမြို့နယ်။ ဖုန်း ၀၉-၈၅၈၀၃၆၈
၂. ပြုံးမေတ္တာ အမှတ် (၁၀၆) ကုန်သည်လမ်း ပုသိမ်။ ဖုန်း၀၉၅၁၅၀၁၅၂
၃. ဌေးမိသားစု အမှတ် (၆၂-၆၃)၊ မဟာဗန္ဓုလမ်း၊မော်ကျွန်းမြို့။ဖုန်း၀၉၈၅၉၈၀၂၈
၎. စည်သူမိုဘိုင်း အမှတ်(၂၃၄)၊ ဦးဘချိုလမ်းနှင့်(၁၂)လမ်းထောင့်၊ မြောင်းမြ။ ဖုန်း ၀၉၄၂၂၅၁၄၃၁၁
၁. ကောင်းသာမိုဘိုင်း ဓမ္မစေတီလမ်း၊ ထင်းတန်းလမ်း နှင့် ကိန္နရာလမ်းကြား၊ ပခုက္ကူ
ဖုန်း ၀၉၂၅၆၆၀၉၉၇၀
၁.အောင်ပြည့်စုံ ကုန်မျိုးစုံဖြန့်ချီရေး ဖုန်း ၀၉-၂၅၀၈၂၈၉၀၈
၂.ရွှေလင်းပိုင် ဆိုင်ကယ်အပိုပစ္စည်းဆိုင်နှင့် ဖုန်းရောင်းဝယ်ရေး၊ မောင်းတောမြို့။ ဖုန်း ၀၉-၃၄၀၀၁၈၁၈၂
၃.ကိုတင်ထွန်း Electronic and Mobile ဖုန်း ၀၉-၂၅၀၉၉၆၈၅၉
အသေးစိတ်သိရှိလိုပါက 3456 Complaint Center ၊ 1212 Call Center ၊ ဖုန်းနံပါတ် ၀၉-၃၁၁၆၀၂၄၉ ၊ ၀၉-၃၁၃၁၃၁၃၁ (viber-သီးသန့်) နှင့် MECTel Facebook စာမျက်နှာများမှတစ်ဆင့် ဆက်သွယ်မေးမြန်းစုံစမ်းနိုင်ပါတယ်။ MECTel CDMA 800 MHz အားပေး သုံးစွဲသည့်အတွက်အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။
Share: